"အတ္တာဟိ အတ္တနောနထော" ဆိုတဲ့ ပါဠိစကားကို "မိမိကိုယ်ကိုသာ အားကိုး အားထားရာ"လို. အဓိပ္ပါယ် ဖွင့်ဆိုထားတာတွေ.ရမှာဖြစ်ပါတယ် ။
လုပ်ငန်းတစ်ခု အောင်မြင်မှုရရှိရေးတွင် မိမိအပေါ်မှာရာနှုန်းပြည့် မူတည်နေပါတယ် ။
"လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် ၄င်းကို ဦးစားပေးပြီး လေးလေးစားစားလုပ်ရမှာဖြစ်သလို စွဲစွဲမြဲမြဲလုပ်ရန်လည်း အထူးလိုအပ်သည်"-ဟု ဗုဒ္ဓမြတ်ဘုရားက ဟောကြားတော်မူခဲ့ပါတယ် ။
"မိမိ၏ကိုယ်ခန္ဓာနဲ.မိမိ၏နှလုံးသားမှာ တကယ်အရှိဖြစ်သော စေတနာ၏စွမ်းရည်သတ္တိ-ဥာဏ်၏
စွမ်းရည် သတ္တိ-ဝီရိယ၏စွမ်းရည်သတ္တိများကို ယုံကြည် အားကိုးကြရမည်"- ဟု သဲကုန်း ဆရာတော်
ဘုရားကြီးအရှင်ဥာဏိဿရ ကလည်း ဟောကြားတော်မူပါတယ် ။
ဒီလို လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် မိမိကိုယ်ကိုသာ ပြန်လည် လေ့လာသုံးသပ်ရမှာဖြစ်
တယ်လို.ဆိုပါတယ် ။
ဒါ့အပြင် လူသားများကြီးပွားချမ်းသာရေးအတွက် လိုအပ်သောအချက်များကိုလည်း
မြတ်ဗုဒ္ဓကညွှန်ပြ ဟောကြားတော်မူခဲ့ပါသေးတယ်။
(၁)ထကြွလုံ.လရှိခြင်း(၂)သတိရှိခြင်း(၃)စင်ကြယ်သောကံ သုံးပါးရှိခြင်း(၄)စူးစမ်းဆင်ခြင်မှုရှိခြင်း (၅)အိနြေ္ဒတို.ကိုစောင့်စည်းထိန်းသိမ်းခြင်း(၆)တရားဖြင့်အသက်မွေးခြင်း(၇)မမေ့မလျော့သောသတိ ရှိခြင်းစသည့်အချက် များနှင့်ပြည့်စုံရန်ကြိုးစားရမှာပါတယ် ။
"ကံ"၏အကျိုးကို မည်သို.သော"တန်ခိုး"စွမ်းအားနှင့်မျှ မဖျောက်ဖျက်-မဟန်.တားနိုင်စွမ်းပါ။"တန်
ခိုး"၏အစွမ်းသတ္တိထက် "ကံ"၏ အကျိုးတရားက ပိုမိုအစွမ်းထက်တဲ့အတွက် "တန်ခိုး"သည် အကျိုး
မပေးသေးတဲ့ "ကံ" ကို မြန်မြန်ဆန်ဆန် အကျိုးပေးစေရန် ဖန်တီးနိုင်စွမ်းမရှိသလို
အကျိုးပေးမည့် "ကံ"ကိုလည်း အကျိုးမပေးစေရန် ဟန်.တားနိုင်စွမ်းမရှိပါ-ဟုလည်း ပညာရှင်များက
ဖွင့်ဆိုထားကြပါတယ်။
("တန်ခိုး"အရာမှာ"ဧတဒဂ်"ရတော်မူသော "ရှင်မဟာမောဂ္ဂလန်" မထေရ်မြတ်ကြီးသော်မှ
ရှေးအတိတ်က ပြုခဲ့ဖူးသော"ကံ"၏ ဆိုးကျိုးကို ကြေပျက်အာင် ချေဖျက်နိုင်စွမ်းမရှိခဲ့ပါ။ ရှေးအတိတ်
ဘဝက ပြုမှားခဲ့တဲ့အကုသိုလ်"ကံ"အကျိုးပေးမှု အချိန်တန်လာသည်ကို အရှင်မြတ်ကြီး၏တန်ခိုးတော်
ဖြင့် ချေဖျက် တားဆီးနိုင်စွမ်းမရှိခဲ့သောကြောင့် ခိုးသားငါးရာ၏ရိုက်နှက်မှုကိုခံပြီး ပရိနိဗ္ဗာန်စံဝင်တော်
မူခဲ့ရပါတယ်။
အမှန်ဆိုသော် "ကံ"ဆိုသည်မှာ"အလုပ်"ပင်ဖြစ်တဲ့အတွက် "အတိတ်ကံ"ဆိုတာက လွန်ခဲ့သောအ တိတ်ဘဝကပြုလုပ်ခဲ့တဲ့အလုပ်ဖြစ်ပြီး "ပစ္စုပ္ပန်ကံ"ကတော့ လက်ရှိဘဝမှာပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။
"လူ"ဆိုသည်မှာလည်း"မိမိသမိုင်းကိုမိမိရေးပြီး မိမိပုံကို မိမိကိုယ်တိုင် ထုလုပ်နေတဲ့ ပန်းပုဆရာသာ
ဖြစ်ပါတယ် ။ မိမိခန္ဓာကိုယ်ကြီး ကာမဂုံအာရုံများအစွမ်းကုန်ခံစားနိုင်ရန်အတွက် မသမာမှုများဖြင့်ငွေ
ကြေး စည်းစိမ်ကိုရှာအရက်သေစာ -မူးယစ်ဆေးများ သောက်စား ပျော်ပါးခြင်းစသောလုပ်ရပ်များရဲ့
အပုပ်နံ.များကတော့ ခန္ဓာကိုယ်ကြီးမြေကြီးထဲရောက်သွားတဲ့တိုင်အောင် ပျက်ပျယ်သွားမည်မဟုတ်ပါ။
ဒါ့ကြောင့် ပညာတတ်သည်ဖြစ်စေ-မတတ်သည်ဖြစ်စေ-ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မိမိ
တို.ရဲ့ လက်ရှိအခြေအနေမှာပင် နှလုံးသားရတနာဟု ဆိုအပ်တဲ့ "စေတနာကောင်း"ကို အရင်းအနှီး
ပြုကာ ကောင်းသောအရသာ"သာဓုခေါ်စရာများ" ကိုသာဆောင်ရွက်နိုင်စွမ်းရှိရမှာဖြစ်တယ်လို.ဆိုပါ
တယ်။ "စိတ်ချမ်းသာမှု"ဆိုသည်မှာလည်း သူတစ်ပါးအပေါ် "စေတနာကောင်း"ထားခြင်းအပေါ်မှာမူ
တည်ပါသည်" ဟုလည်း ဆရာတော်ဘုရားများက မိန်.ကြားထားပါတယ် ။ (ကိုယ်တွေ.အရလည်း မှန်နေတာသိရပါတယ် ) ။
ဗုဒ္ဓသာသနာကလည်း "မေတ္တာတရားနှင့် ကိုယ်ချင်းစာတရား"ကို အလေးထားကာ သူတစ်ပါးကိုမ ထိခိုက်
မနစ်နာစေပဲ အပြစ်ကင်းအောင်ပြုမူ-ပြောဆို- ကြံစည်ကြရန်ကိုသာ သွန်သင်ညွှန်ပြ ဆုံးမ ထားပါတယ် ။
သူ့အသက်ကိုသတ်ခြင်း-သူတစ်ပါးပစ္စည်းဥစ္စာကို မသိအောင်(ခိုး)ယူခြင်း-ကာမဂုဏ်တို.တွင်မှား ယွင်းစွာ
ပြုကျင့်ခြင်း-မဟုတ်မမှန်ပြောဆိုခြင်း-သေရည်သေရက်နှင့်မူးယစ်ဆေးဝါး များသောက်စား သုံးစွဲခြင်းတို.မှ
ရှောင်ကြဉ်ခြင်းစသော "ပဉ္စသီလ"ခေါ် ကျင့်ဝတ်ငါးပါးသည် ကိုယ်အမူအရာ-နှုတ် အမူအရာနှင့်
စိတ်အမူအရာတို.ကို အပြစ်ဆိုစရာမရှိစေရန် ထိန်းသိမ်းနေထိုင်ခြင်းဖြစ်တဲ့အတွက် "ကမ္ဘာ့တစ်ခွင်မှာ အယဉ်ကျေးဆုံး-အသိမ်မွေ.ဆုံး"ကျင့်ဝတ်များဖြစ်ကြောင်းပညာရှင်များက ဖွင့် ဆိုထားကြပါတယ် ။
ဒီလို အနှစ်သာရပြည့်ဝသော မြန်မာ့ယဉ်ကျေးမှုများကို ယနေ.လူငယ်လူရွယ်များနေနှင့် မြတ်နိုး
ယုယစွာ ဂုဏ်ယူဝင့်ကြွား ထိန်းသိမ်း စောင့်ရှောက်သွားကြရမှာဖြစ်ပါတယ် ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:
Post a Comment