Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Thursday, January 10, 2013

မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး-၏ သံဝေဂဓမ္မလက်ဆောင်

ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊ 
ကိုယ်ကဤပုံ၊ ပြုလိုတုံလည်း၊
တဖုံဆင်ကွဲ၊ သူတနဲဖြင့်၊
ဖောက်လွဲတတ်စွာ၊ ဓမ္မတာကို၊ 
ပညာစက္ခု၊ မျှော်ထောက်ရှု၍၊ 
ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက်ခန္ဓာ၊ သေပိန့်ငါဟု၊
သတ္တ၀ါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ချိန်းအချက်လျှင်၊ တစက်ကမှ မရှိကြဘူး။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ-
ဘုရားစကား၊ လိုက်နာပွားသည်၊ တရားလက်မလွတ်စေနဲ့။

မင်းကွန်းတိပိဋကဓရ ဆရာတော်

No comments:

Post a Comment