ထိုမေးခွန်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က သိကြားမင်းကိုယ်တိုင် ဘုရားကို မေးခဲ့ဖူးသည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး မဂဓတိုင်း ရာဇဂြိုလ်ပြည်၏ အရှေ့အရပ်၊ ဝေဒိယကတော၊ ဣန္ဒသာလလိုဏ်ဂူ၌ သီတင်းသုံး နေတော်မူစဉ် သိကြားမင်း ရောက်ရှိလာပြီး စိတ်ဆင်းရဲခြင်း အကြောင်းရင်း မေးမြန်းသည်မှာ…
“မြတ်စွာဘုရား.. လူနတ်သတ္တဝါ အများတို့သည် ရင်ငြိုးကင်းလျက်၊ ဒဏ်ကင်းလျက်၊ ရန်သူကင်းလျက်၊ စိတ်ဆင်းရဲကင်းလျက်၊ အမျက်ဒေါသထွက်ခြင်းကင်းနေရခြင်းကို လိုချင်တောင့်တကြပါကုန်၏”
“သို့ပါလျက် ရန်ငြိုးရှိလျက်၊ ဒဏ်ရှိလျက်၊ ရန်သူရှိလျက်၊ စိတ်ဆင်းရဲလျက်၊ အမျက်ထွက်လျက် နေကြသည်မှာ အဘယ်ကြောင့်ပါနည်း”
ထိုအခါ ဗုဒ္ဓက မနာလိုခြင်း- ဣဿာနှင့် ဝန်တိုခြင်း-မစ္ဆရိယရှိသောကြောင့်ဟူ၍ ပြတ်ပြတ်သားသား အဖြေပေးတော်မူခဲ့ပါသည်။ (သုတ်မဟာဝါပါဠိတော်၊ သက္ကပဥှာသုတ်)
သဂါထာဝဂ္ဂသုတ်၊ မစ္ဆရိယသုတ်၌လည်း နတ်သားတစ်ယောက်က သူတစ်ပါးအလှူကို၊ သူတစ်ပါးကောင်းစား
တာကို၊ သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယ
သမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင်မမည့်သူ
လည်း မရှိ။
သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့
ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝသို့ ရောက်ရသည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။
ဣဿာမစ္ဆရိယနှစ်ပါးမှ ကင်းဝေးအောင် ကြိုးစားနိုင်ကြပါစေ...။
တရားဗဟုသုတများ တိုးပွါးနိုင်ကြပါစေ...။
(ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” စာအုပ်မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment