"ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း" ဆိုတဲ့ ခေါင်းစဉ်လေးကိုအမှတ်မထင် တွေ.မြင်လိုက်တယ်
ဆိုရင်ပဲ ရင်ထဲကို ခံစားမှုတစ်မျိုက တိုးဝှေ.ဝင်ရောက်လာပါတယ် ။
အော် -- "ဆယ်ကျော်သက်" ဆိုပဲ ။ ကလေးသာသာ လူငယ်လေးပဲပေါ့။ ဒီလို လူငယ်လူရွယ်
လေးတွေက ဒီမျှလောက်ကို ဖေါက်လွဲဖေါက်ပြန် ဖြစ်နေကြပြန်တယ်ဆိုတော့ လူကြီးတွေက
ကော ဘာသဘောနဲ. လှည့်မကြည့်ပဲ ပြစ်ထားကြပါလိမ့် ။ အဲဒီ ၁၈- နှစ်အရွယ် မိန်းမငယ်
လေးကိုမှ" ပေါ့ပျက်ပျက် နိုင်နေတယ်" လို.ဆိုရက်တဲ့ ဆောင်းပါးရှင်"မခိုင်လေး ခေါ် အချစ်ကို
ကိုးကွယ် သူလေး" ကိုလည်း ရင်ထဲ မေးမိလျက်သား ဖြစ်သွားပါတယ်"မင်းတို.လူကြီးလို. အ
မည်ခံနေသူ တွေကကော" လို.။ သူတို.ကျ-တချို.က ကိုယ်တိုင်က ခလေးတွေရှိနေတော့ သူ.
ရဲ့ သူငယ်ချင်းတို. အမ-ညီမ တို.နဲ.တဖက်က "ချက်"လာတဲ့ ယောကျားသားကို မိတ်ဆက်
ပေးပြီး"ဖူးစာရေးနတ်" လိုမျိုး ချိုးလိုက်တယ်။ ဒါကကော "သိက္ခာရှင် လူကြီး" တဲ့လားကွယ်။
" ယောကျားဆို တာကတော့" သူချစ်လို.လက်ထပ်ယူထားတဲ့ "တရားဝင်ဇနီးမယား"(ပွဲတက်
သည်ဖြစ်စေ မတက် သည်ဖြစ်စေ)နဲ. ဘယ်သူမှ အချင်းမများချင်ကြဘူးလေ ။
အဲ- ဒါပေမဲ့ (ကိုပေါက်တို.ကိုမေးကြည့်ပါလား) အလကားရရင် ဘယ်ငြင်းပါ့မလဲ။ အပျော်ကြိုက်
တတ်တဲ့ ကိုယ်တော်တွေ ဘယ်နေပါ့မလဲကွယ် ။ ကော်န်ပျူတာ တစ်ယောက်တစ်လုံးနဲ.ကိုယ့်အိမ်
က ဧည့်ခန်းထဲ ထိုင်ရိုက်နေချိန်မှာတောင် "ဇနီးမယား" လစ်ပြီလားဟေ့ ဆိုတာနဲ. တစ်ချက်သာ
လှည့်ကြည့်ပြီး "ချက်" ခန်းထဲဝင် " တဟီးဟီး- တဟဲဟဲ "လုပ်တတ်ကြတာတွေ ။ တစ်ဖက်က
လည်းကိုယ့်အဖေ-အမေအရွယ်လား- အိမ်ထောင်ရှိလား ဘာလား-- ဘာကိုမှ "မလား" တော့ပဲ
ပြန်ပြီး " ကဲကြ - နွဲ.ကြ -ခနဲ.ကြ" အင်း-သဲနေလိုက်ကြပေါ့ ။ နောက်ဆုံး ကိုယ်က ခလေး
တန်းလန်းနဲ.ဆိုတော့ ဟို -"မမဆော့ဆော့" နဲ. မိတ်ဆက်ပေး -ဖူးစာရေးနတ်လုပ်တတ်ပြန်ရော။
အဲဒီလိုမျိုး တွေကျတော့ကော " သိက္ခာရှိ" ပါသတဲ့လားကွယ် ။
တို..ကတော့ ဟိုး ငယ်စဉ် ကလေးဘဝတည်းက ကြုံးဝါးလာခဲ့ရတာ " မိဖုရား အဖြစ်နဲ.တော့
တန်ခိုးမကြီးချင်ဘူးဟေ့ - ဘုရင်မပဲဖြစ်ချင်တယ် " လို.။ အဲ-- ဆိုလိုတာကတော့ "ခင်ပွန်း
ယောကျား" ကို အားမကိုးပဲ ကိုယ့်အားကိုယ်ကိုး စရိုက်မျိုးပေါ့ ။ "မြတ်ဗုဒ္ဓ" ရဲ့ တပည့်သာဝက
ကလေ။ " အတ္တာဟိ အတ္တနောနာထော "-မိမိက်ုယ်ကိုသာ အားထားရာ မဟုတ်လား။ ဒီအသိနဲ.
ဒီနေ.အထိ ရပ်တည်နေဆဲပါ ။ မယုံရင် "ချက်" ဝင် မေးလိုက်လေ။
တကယ်တော့ ဒီလို အရွယ် ၁၈- နှစ်အရွယ်ကလေးမငယ်ငယ်တွေ က ခေတ်ရေစီးကြောမှာ မြော
ပါနေကြရရှာတာ မဆန်းလှပါဘူး ။ အိုင်တီခေတ်လေကွယ် ။
ခိုင်လေးရဲ့ ဆိုင်ပိုင်ရှင် ဇာဇာ့ ခင်ပွန်းရဲ့ အလန်းလေး " သဲ" ဆိုသူကို မှ သွား"ရန်စ"တာကိုး ။
သူက- *ဟားဟ..အမမို့ အွန်လိုင်း ပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်..သဲ တို့ က လိုင်း
ပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်.. .လာကျူလဲ ပြန်ကျူလိုက်တယ်.
ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာမရှိဘူး ။ စိတ်လဲ မ၀င်စားဘူး..တစ်ခါမှလဲ ကို.ကိုမမေးမိဘူး
...လူပျိုလားလို့ပေါ့..ဟားဟ ..ပြောရရင် အမ အမျိုးသားနာမည်ကိုတောင် သဲ သေချာမမှတ်
မိဘူး.မမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ*ခိုင်လေး ဘာဆက်ပြောရမှန်းမသိတော့အောင်
ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည်။ နောက်ဆုံး ပြန်လိုက်မိတာလေးကတော့*- ဟုတ်ပါတယ်
ကွယ်.မမက နိုင်အောင်ထိန်းရအောင်သူက ကလေးမဟုတ်ဘူးလေ..အခုညီမကို ပြောပြတယ်ဆို
တာလဲ အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိ
ပေးတာပါကွယ်.ရှိလဲ ကိစ္စမရှိဘူးဆိုလဲ ညီမအပိုင်းပါဘဲ* -လို. ပြောလိုက်ပါသတဲ့ ။
ကဲ -- ကောင်းရောပဲ ။ တကယ်တမ်းဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်တော့ ဒီ အိုင်တီခေတ်ကြီးမှာ
ဒီလို မိန်းကလေးတွေသာမဟုတ် ဒိလိုမျိုး ယောကျားလေးတွေလည်း ဒုနဲ.ဒေးပါ။" ဟလို ဆရာမ
စာပြပေးပါ" ဆိုတာကတစ်မျိုး . တချို.ကလည်း " နာမယ်ဘယ်လိုခေါ်လဲ"-တဲ့( ကြုံတုံး ဆုံတုံး
ပဲပြောပါရေစေ "မေကျော့ရှင်း+ ဆရာမမေ+ကလေးတို.ဆရာမ+မေဂွက်ထော်"တစ်ယောက်တည်းပါ-
ဒါ့ထက်ပို သိလိုတယ်ဆိုရင်တော့ http//:sayamamay.blogspot.com မှာသွားကြည့်နော်)။
အင်း --တချို.ကလည်း ယိသဲ့သဲ့နဲ.ပေါ့-"လာလည်တာ စကာလည်းပြောဘူး - ကယ်ဆယ်ရေး
စခန်းမှာ ဗမာတွေကို စာသင်ပေးတာလား" တဲ့ ။
ဟိုး ငယ်စဉ်ဘဝကတည်းက " မရှုပ်တတ်- ရှုပ်တာကို မကြိုက်ခဲ့" တဲ့ သူမို.ဒီကနေ. မြင်တွေ.-
ကြား သိနေရတာတွေကိုလည်း အတော်လေးပဲ ရွံရှာ စက်ဆုတ်ဆဲဖြစ်နေတာအမှန်ပါ ။
ကလေးတွေကိုလည်း ပြောချင်ပါတယ်။ သူ.ခေတ်နဲ.သူ "ချက်" တော့ချက်ကြပါ ။ဒါပေမဲ့ကိုယ်နဲ.
သက်တူ ရွယ်တူလား အမိ အရွယ် - အဖအရွယ်လား - လေးစားရမယ့်သူလား- အလေးမထား
ရမယ်သူလား - စဉ်းစဉ်းစားစားနဲ.ရေးပါ - မေးပါ ။ ပြဿနာဖြစ်လာမယ့် - အမုန်းတရားတွေ
တိုးပွါးလာစေမယ့် "ချက်" ပုံမျိုးကိုတော့ "ရှောင်" ကြစေချင်ပါတယ် ။ စေတနာ တကယ်ရှိလို.
" သိချင်-ခင်ချင်" တယ်ဆိုပါရင်လည်း " အမိ ခင်- အဖ ခင် - ညီအကိုမောင်နှစ်မ ခင်" တဲ့
ပုံစံမျိုးနဲ. ခပ်ရိုးရိုးလေးပဲပေါ့ ။ အော်န်လိုင်းပေါ်မှာ တက်ပြီးတော့ "မဆော့" ကြပါနဲ.လားကွယ်။
တကယ်တော့ ဒီ အိုင်တီခေတ်မှာ အော်န်လိုင်း တက်ဖြစ်တယ်ဆိုရင်ပဲ "တန်ဖိုးမနည်းတဲ့ ဗဟုသုတ
တွေ" တပွေ.တခဲကြီးကို ရယူနိုင်ကြပါတယ် ။ ဘာမဟုတ်တဲ့ ဘယ်သူ.မှလည်း အကျိုးမဖြစ်စေတဲ့
" ချက်ပုံချက်နည်းတွေ" နဲ. အချိန်ဖြုန်းနေကြမယ့်အစား မိမိဘဝ တိုးတက် အောင်မြင်ရေးအတွက်
လေ့လာ မှတ်ယူစရာ ဗဟုသုတ အဖြာဖြာကို ရှာဖွေ ဘတ်ရှုကာ အမြတ်ယူတတ်ဖို.လိုပါတယ် ။
စောစောက ပြောခဲ့သလို " အတ္တာဟိ အတ္တနောနာထော " မိမိကိုယ်ကိုသာ ကိုးကွယ် အားထားရာ
ဖြစ်တယ်" လို.ညွှန်ပြ ဆုံမတော်မူခဲ့တဲ့ "မြတ်ဗုဒ္ဓ " ရဲ့ တရားတော်များကိုလည်း "ဗုဒ္ဓကမ္ဘာ" လို
ဝဂ်ဆိုက်မျိုးမှာ ရှာဖွေ ဘတ်ရှုပြီး " မိမိကိုယ်ကိုသာ ကောင်းမွန် မြင့်မြတ်လာအောင်" ကြံဆောင်
အားထုတ်ကြစေချင်ပါတယ် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:
Post a Comment