Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

အကျည်းတန် လက်တွဲဖေါ်


မင်္ဂလာပါ --
နေပြည်တော် မြန်မာ့အသံရဲ့ “လူငယ်မှတ်သား သုတစကား“
ကဏ္ဍမှ တနင်္ဂနွေနေ. နေ.ညနေပိုင်းမှာ ထုတ်လွှင့်သွားတဲ့
“အကျည်းတန် လက်တွဲဖေါ် “ ဆိုတဲ့ အစီအစဉ်လေးပါ -
အချို.သော ဒေသများမှ အသံဖိုင်ဖွင့်မရပါ၍ စာသားလေး တင်ပြပေးပါ
လို.ဆိုလာတဲ့အတွက် စာသားလေးကိုပါ ထည့်ပေးလိုက်ပါတယ် -
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အကျည်းတန်လက်တွဲဖော်
မင်္ဂလာပါ ကလေးတို.ရေ ----
ဒီနေ.ကလေးတိုအတွက် အရှင်သုမနသာရ (ဖြူး)ရဲ့ တရားထဲက အကျည်း တန်လက်တွဲဖော် ဆိုတဲ့အကြောင်းလေးကို စီစဉ်ရေးသားထားပါတယ် ။
ကလေးတို.ရေ ------
“ဒုက္ခ” ဆိုတဲ့ စကားလုံးကို လူအများသုံးစွဲံပြောဆိုနေကြတာ ကြားဖူးကြမှာပါနော်။ အဲဒီ ဒုက္ခ သည်ပင်လျှင် အမြင်မှာ အကျည်းတန် အရုပ်ဆိုး ပါနေပါတယ် ။ “ဒုက္ခ” ဟူသောအသံကို နားရဲ့သာယာမှုရသ စိုးစဉ်းမျှရှာမရသောကြောင့် ဘယ်သူကမျှမကြားလို။ “ဒုက္ခ” ဆိုတဲ့အတွေ့ အကြုံကိုလည်း မမြင်ချင်၊ မတွေ့ချင် ၊ မပေါင်းဆုံလိုချင်သောကြောင့် လူသတ္တ၀ါတို့ဒုက္ခ နဲ.ဝေး
အောင် ပြေးရှောင်နေကြပါသည်“ - လို. ပညာရှင်များက ဖွင့်ဆို ထားကြပါတယ် ။
“သို့ရာတွင် ဒုက္ခကို ကျေးဇူးတင်စရာတော့ရှိပါသည်”- လို.လည်းဆိုပြန်ပါတယ်။
“ဒုက္ခ” က မိမိရဲ့ ညံ့ကွက်၊ ရှော်ကွက်၊ ပျော့ကွက်၊ ချို့ယွင်းချက်ကို မူယာ မာယာမရှိဘဲ ဒိုး ဒိုး
ဒေါက်ဒေါက် ထောက်ပြတတ်ပါတယ် ။ ကိုယ့်အကျိုးကိုမလိုလားသူ၊ ကိုယ့်အငြိုအငြင်ကို မခံလိုသူ များလို ရေငုံနှုတ်ပိတ် လုပ်မနေတတ် - မြုံ မနေတတ် - အလိုက်သင့် အလျားသင့် ဆက်ဆံ မနေတတ်သလို အမှန် အတိုင်း အရှိအတိုင်း ဒုက္ခ ကထောက်ပြတတ်ပါတယ်။
ဒီလို ထောက်ပြတာကြောင့်လည်း မိမိတို့ရဲ့ညံ့ကွက်နဲ. ပျော့ကွက်ကိုပြုပြင် ကျော်လွှားကာအောင်မြင် သူတွေ ဖြစ်လာတဲ့အခါ ဒုက္ခကိုကျေးဇူးတင်ကြ ရမှာဖြစ်ပါတယ်။ အမှန်တော့ မိမိရဲ့ချို့ယွင်းချက်ကို အသေအချာ ထောက်ပြပြောဆိုနိုင်တဲ့သူသည်သာ မိမိဘ၀အတွက်မိတ်ဆွေကောင်းဖြစ်ပါသတဲ့ကွယ်။
ဒုက္ခက လူသတ္တ၀ါတို့မှာ တိမ်မြုပ်နေတဲ့ အစွမ်းအစတွေကို ဆွဲဖော်ထုတ်ပြသလို လူတို.ရဲ့ငိုက်မြည်း
တွေဝေနေတတ်တဲ့ စိတ်ကိုလည်း လှန့်နှိုးသတိပေးတတ်ပါသတဲ့။ ဒါ့အပြင် ဒုက္ခက လူတော်နဲ.လူညံ့ ကိုလည်း ခွဲခြားပေးတတ်သလို လူတစ်ဦးကို လူတော်လူကောင်းဟုတ်မဟုတ် -လူစွမ်းလူစရှိမရှိ ဆို တာကိုလည်း စစ်ဆေးပေးနိုင်တဲ့ မှတ်ကျောက်များအဖြစ် ဒုက္ခကအခက်အခဲတွေကို ဖန်တီးပေးတတ် ပါသေးတယ်။ အခက်အခဲနဲ.အန္တရာယ်တို့ကို ကြုံလာသောအခါ တချို့သောသူများက ချိုင်းထောက် ၀ယ် ထောက်ကြရပြီး တချို့သောသူများမှာတော့ အတောင်များပေါက်လာကြတယ်လို.အဆိုရှိဖူးပါ
တယ် ။ ဆိုလိုတာကတော့ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ကြရာမှာ အချို့သူများက စိတ် ဓါတ်ပျော့ညံ့ခြင်း၊ ကြံရည်ဖန်ရည်နည်းပါးခြင်းတို့ကြောင့် မျှော်လင့်ချက်များ ကျိုးပဲ့ပျက်စီးခြင်းနဲ.အတူ ကျရှုံးပျက်စီးသွားကြတာတွေ.ရပါတယ် ။
အဲဒါကို ရည်ရွယ်ပြီး ချိုင်းထောက်ဝယ်တပ်ရတယ်လို. တင်စားပြောဆိုခြင်းပဲဖြစ်ပါတယ်။ တချို့သော သူများကတော့ အခက်အခဲနှင့်အန္တရာယ်တို့ကိုရင်ဆိုင်ရာမှာ စိတ်ဓါတ်ကြံ့ခိုင်ကြတာတွေ.ရမှာဖြစ်သလို ကြံရည်ဖန်ရည် လည်းရှိကြပါတယ်။ ဒီအခါ အခက်အခဲများကိုကျော်လွှားလွန်မြောက်နိုင်တဲ့ စွမ်းရည်များ ရသွားကြပါတယ်။ ဒါကိုရည်ရွယ်ပြီး တချို့သူများမှာ အတောင်များပေါက်လာကြတယ်လို.တင်စားပြော ဆိုခြင်း ဖြစ်ပါတယ် ။
အခက်အခဲနဲ. ဒုက္ခတရားက စိတ်ဓါတ်ခိုင်ခံ့သူ၊ အသိဉာဏ် အမြော်အမြင်ရှိသူကို အောင်မြင်မှုဆီသို့ ပျံသန်း ရောက်ရှိသွားစေနိုင်တဲ့ အစွမ်းအစ တောင်ပံ များကို တပ်ဆင်ပေးလိုက်မြဲဖြစ်ပါသတဲ့ကွယ်။
ကလေးတို.ရေ----
လူသတ္တ၀ါတွေဆိုတာက အခက်အခဲနဲ. ပြဿနာများကိုကြုံတွေ.ပါမှ အစွမ်းအစထုတ် ချင်တတ်ကြ တာမဟုတ်ပါလား။ ဒါ့ကြောင့်လည်း နောင်မှ “ တ ” ရတဲ့ နောင်တတရားသည် သတ္တလောကမှာ အဆင့်အမြင့်ဆုံး- လို.ဆိုတဲ့ သတ္တ၀ါတို့ နယ်ပယ်အတွင်းသို့ ရေသာခိုခြင်း ပျင်းရိခြင်း သက်သက် သာသာနေလိုခြင်းစတဲ့ တံခါးပေါက်တို့မှ တိတ်တခိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ပေလိမ့်မယ် ။ ဒါပေမဲ့
အဲဒီ “ဒုက္ခ” က လူတစ်ဦး ကိုယ်ရည်ကိုယ်သွေး တောက် မတောက်၊ စိတ်ဓါတ် ခိုင်မခိုင်ဆိုတာကို ဇွဲသတ္တိတည်းဟူသော မှတ်ကျောက်မှာတင်ကြည့်ပေလိမ့်မယ်။ ဘ၀ဟူသော ကြိုးဝိုင်းအတွင်းသို့ သွင်း ကာ အခက်အခဲတည်းဟူသော ပြိုင်ဘက်နဲ.ယှဉ်ပြိုင်စေပြီး သတ္တိရှင်ကို ရွေးချယ်ပေးမှာဖြစ်ပါသတဲ့။ ဘ၀ကြိုးဝိုင်းမှာ အောင်မြင်မှုသရဖူမဆောင်းနိုင်သူကိုလည်း ဒုက္ခက သနားညှာတာ ချစ်ကြင်နာစွာဖြင့် မျက်နှာသာပေးလိမ့်မယ်မဟုတ်ပါတဲ့။ ဒီလောက်ရက်စက်ပြီး ပြတ်သားလွန်းတဲ့အတွက် ဒုက္ခကို အ ကျည်းတန်လှချည်လား-လို. ထင်ခဲ့ကြပါတယ်။
ကလေးတို.ရေ ---
တို.များလူသားတွေအနေနဲ. ဘ၀ကြိုးဝိုင်းထဲ အခက်အခဲနှင့် အပွဲပွဲယှဉ်ပြိုင်ခဲ့ တာတစ်ကြောင်း ၊ ဇွဲသတ္တိမှတ်ကျောက်မှာ အကြိမ်ကြိမ် မိမိတို့ရဲ့ အစွမ်းအစကို မှတ်ကျောက် တင်ခံခဲ့တာတစ်ကြောင်း
ကြောင့် အောင်မြင်ကျော်ကြားသူများအနေနဲ. ဒုက္ခရဲ့သဘောကို နားလည်ခဲ့ကြခြင်းဖြစ်ပါတယ် ။
“လင်ကွန်းဟာ ဒုက္ခရဲ့ အရွေးချယ် အစမ်းသပ်မှုကို အမျိုးမျိုး ခံခဲ့ရတယ်။ ဒါပေမဲ့ ...သူ့အစွမ်း
အစကို ဇွဲသတ္တိ မှတ်ကျောက်ပေါ်မှာ တလက်လက် တင်ပြနိုင်ခဲ့လို့ နောက်ဆုံးတော့ ...ဒုက္ခက ရိုကျိုးစွာနဲ့ သမ္မတလင်ကွန်းအဖြစ် တင်မြှောက်လိုက်တာပဲ”-လို.အကဲခတ်သူများကဆိုကြပါတယ်။
တကယ်တော့ “ဒုက္ခဟာ အကျည်းတန်တယ်လို့ ထင်ရပေမယ့် .. အောင်မြင်မှုဆီသို. ပို့ပေးတဲ့ မိတ်ဆွေကောင်းဖြစ်ပါတယ်” လို.လည်းဆိုလေ့ရှိပြန်ပါတယ် ။
ကဲ--ကလေးတို.ကကော ဒုက္ခကို ဘယ်လို ရှုမြင်သုံးသပ်မိပါသလဲ ---
ကလေးတို.အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကွယ်
http://min.us/lMezBhz6PBA0n ( ဒီမှာ ကငလစ်လိုက်ပြီး အခြားစာမျက်နှာမှာ ပေါ်လာတဲ့
မျှားလေးကို ဖွင့်လိုက်နော်)

No comments:

Post a Comment