Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

Positive အတွေးနဲ. စိတ်ကလေးကို ငြိမ်းအေးစေရအောင်

မင်္ဂလာပါ --
နေပြည်တော် မြန်မာ့အသံရဲ့ “လူငယ်မှတ်သား သုတစကား“
ကဏ္ဍမှ ၄ - ၁၁ - ၁၂ - နေ.ညနေပိုင်းမှာ ထုတ်လွှင့်သွားတဲ့
“Positive အတွေးနဲ. စိတ်ကလေးကို ငြိမ်းအေးစေရအောင်“
ဆိုတဲ့ အစီအစဉ်လေးပါ -
အချို.သော ဒေသများမှ အသံဖိုင်ဖွင့်မရပါ၍ စာသားလေး တင်ပြပေးပါ
လို.ဆိုလာတဲ့အတွက် စာသားလေးကိုပါ တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ် -
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
---------------------------------------
မင်္ဂလာပါ ကလေးတို.ရေ-
ဒီနေ.ကလေးတို.အတွက် “ဆရာတော် ရဝေနွယ် အင်းမ“ ရဲ့ တရားတစ်ပုဒ်ထဲက ကောက်နှုတ် တင်ပြ သွားမှာဖြစ်ပါတယ် ။
ကလေးတို.ရေ Positive ဆိုတာ အပြုသဘော အကောင်းသဘောဆောင်တယ်လို. အဓိပါယ်ရပေ မဲ့ Negative ကတော့ ဆန်.ကျင်ဘက်ဆိုတဲ့ မကောင်းတဲ့သဘောကိုဆောင်ပါတယ် ။
တစ်နည်းအားဖြင့်တော့ ပေါ့စတစ်အတွေးနဲ့ နဂ္ဂတစ် အတွေးပါ။ အချို.သောသူတွေက ကြုံလာ တဲ့ အာရုံတစ်ခုကို ပေါ့စတစ်အတွေးနဲ့ တွေးပြီး စိတ် အေးချမ်းမှုကို ယူသွားကြပါတယ်။ တစ်နည်းအား ဖြင့်
တော့ နဂ္ဂတစ် အတွေးနဲ့ တွေးရင်စိတ်ဆင်းရဲရတယ်ဆိုတာ အသေအချာ သိထားလို့ပါပဲ ။
တကယ်တော့ တို.များရဲ့ဘဝမှာ တစ်နေ့တာအတွင်း အာရုံမျိုးစုံနဲ့ ကြုံနေရတာ မဟုတ်ပါလား။ ဒီနေရာမှာ နဂ္ဂတစ်အတွေးရဲ့ဆိုးကျိုး ဆိုးပြစ်ကိုသိထားပြီး ပေါ့စတစ်အတွေးလေးနဲ. စိတ်အေး ချမ်းသာစွာ နေ တတ်
အောင် လေ့ကျင့်ထားဖို.လိုပါတယ် ။
နဂ္ဂတစ်နဲ့ ကြည့်မိရင် ဒေါသ၊ အာဃာတစတဲ့ စိတ်တွေ ဝင်လာတတ်ပါတယ် ။ အဲဒီ မကောင်းမြင် စိတ်တွေ ဝင်လာပြီဆိုရင်တော့ နောက်ဆုံးရလဒ်က စိတ်ဆင်းရဲရခြင်းပါပဲ ။ လူဟာ တစ်ခုခု ကိုလုပ် ပါများရင် စွဲနေ တတ်တယ်နော် ။ ဒီလိုပါပဲ နဂ္ဂတစ်နဲ့ကြည့်တတ်တာ အကျင့်ဖြစ်သွားရင် ဘယ်မြင် ကွင်းပဲ ကြည့်ကြည့် မကောင်းမြင်စိတ်တွေပဲ စိတ်ထဲပေါ်ပြီး မချင့်မရဲနဲ. စိတ်ဆင်းရဲနေရတော့ တာ ပေါ့ ။ ဒါပေမဲ့ အဲဒီလူ အနေ
နဲ. သူ ဒီလို နဂ္ဂတစ်နဲ့ ကြည့်မိလိုက်လို့ စိတ်ဆင်းရဲရ တယ်ဆိုတာလည်း မတွေးမိဘူးလေ။ အဲဒီ မသိတာက ပိုခက်နေတော့တာပါပဲ ။
ကလေးတို.ရေ - ဒီလိုနေရာမျိုးမှာ ကိုယ့်ကို ဖေးမပြောပြပေးမယ့် မိတ်ကောင်း ဆွေကောင်းဆိုတာ သိပ်ကို လိုပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို နဂ္ဂတစ်သဘော ဖြစ်နေတယ်ဆိုတာ သိဖို့ အရေးကြီးပါတယ် ။ ဒါမှ ကူညီဖေးမပေးရတဲ့သူအတွက်လည်း လွယ်ကူမှာပါ ။ ကိုယ့်ကိုခင်တဲ့ ချစ်တဲ့သူကပဲ ကူညီဖေးမမှာပေါ့
နော် ။ ဒါကို သိထားရင်လည်း ဖေးမလာသူကို တန်ဖိုးထားလာနိုင်ပါ တယ်။ အဓိကအနေနဲ.တော့ ကိုယ်က
ပြုပြင် ပြောင်းလဲချင်စိတ် ရှိဖို့အရေးကြီးပါတယ် ။
ဒီနေရာမှာ “ပါရမီ“ ရှိတဲ့သူများကတော့ အလိုအလျောက်ကို သဘောပေါက်တတ်ကြပါတယ် ။ ပေါ့စတစ် အတွေးရှိတတ်တာကိုဆိုလိုတာပါ ။ သူတို.အနေနဲ. အကောင်းမြင်သမားတွေပီပီခွေးချင်း ကိုက်တာ မြင်
လည်း “သြော်.. ဒေါသဆိုတာ တိရစ္ဆာန်တွေမှာ လည်းရှိတာပဲ ။ ငါလည်း ဒေါသ မဖြစ်အောင်နေမှ တော် ကာကျမယ်” လို့ တရားသဘောနဲ့ ကြည့်တတ်ပါတယ် ။ ဒီတော့ သစ်ရွက်ကြွေတာ၊ မီးပျက်တာ၊ ခွေးချင်း ကိုက်တာ တွေဟာလည်း တရားနဲ့ကြည့်တတ်သူ အတွက် တော့ တရားတွေဖြစ်နေပါတော့တယ်။
ပါရမီမပါသေးရင်လည်း ဘာမှစိတ်ပျက်စရာမလိုပါဘူး-တဲ့။ ရနိုင်သမျှ ဖြည့်ဖြည့်ယူသွားရမယ်လို.ဆိုပါတယ်။
ကလေးတို.ရေ - --တို.များ လူသားတွေဟာ သံသရာမှာ အများကြီး ကျင်လည် ခဲ့တာဆိုတော့ ပါရမီ လုံးဝ မပါတဲ့သူတော့ မဖြစ်နိုင်ဘူး-လို.လည်းဆိုထားပြန်ပါတယ် ။ ပါရမီရှင်တွေနဲ့ ယှဉ်လိုက် ရင် ကိုယ်ကနည်းနေ
သေးတာပဲဖြစ်မှာပါ။ ပါရမီနည်းနေရင် ပိုဖြည့်ရုံပဲ ရှိတော့တာပေါ့နော်။ ဒီနေရာမှာ ပါရမီ ဆိုတာကို ဘယ်လို
ဖြည့်ရမလဲ လို. မေးလာနိုင်တဲ့အတွက် -- ဆတ္တမာဏဝ-ဆိုတဲ့ လုလင် နဲ. ဖားနတ်သား အကြောင်းတို့ကို နည်းနည်းလောက် ပြောပြချင်ပါတယ် ။
မြတ်စွာဘုရား လက်ထက်တော်ကပေါ့နော် - ဆတ္တမာဏဝ ဆိုတဲ့လုလင်တစ်ယောက်ရှိပါတယ်။ အရွယ် ရောက်လာတော့ အဖေလုပ်သူက ပေါက္ခရသာတိ ပုဏ္ဏာကြီးဆီမှာ ပညာသင်ခိုင်းပါတယ်။ ပညာသင်မှုပြီးဆုံး တော့ ဆရာက ပညာသင်ခ အသပြာတစ်ထောင် တောင်းပါတယ်။ ဒါကြောင့်
ဆတ္တမာဏဝ လုလင်လည်း အိမ်ပြန်ပြီး အဖေ့ဆီမှာ ငွေပြန်တောင်းတာပေါ့ ။ ဒီသတင်းကို သူခိုးတွေ သိသွားပြီးလမ်းက စောင့်နေပါသတဲ့ ။
ဒါကိုမြတ်စွာ ဘုရားရှင် သိတော်မူလို့ သူခိုးတွေထက် ဦးအောင်လမ်းက ကြိုစောင့်ပြီး ဆတ္တမာဏဝ ကို သရဏဂုံနဲ့ ငါးပါးသီလပေးပါတယ်။(အင်း သေဖို့ကံပါလာရင် မြတ်စွာဘုရားလည်း တားလို့မရပါဘူးနော်)။ ဆတ္တမာဏဝ လုလင်ဟာ သရဏဂုံသုံးပါးကို နှလုံးသွင်းပြီး လမ်းခရီးကိုဆက်ခဲ့ရာမှာ ခရီးလမ်းမှာပဲ သူခိုး တစ်ယောက်ရဲ့ မြားချက်နဲ့ သေသွားရပါတယ်။ သေလွန်တော့ တာဝတိံသာ နတ်ပြည်မှာဖြစ်ရပါတယ် ။ ဆတ္တမာဏဝ လုလင်ရဲ့ အလောင်းကို မိဘ ဆရာသမား မိတ်ဆွေတွေက မီးသင်္ဂြိုဟ် တဲ့အခါ မြတ်စွာ ဘုရားရှင်က ဈာပနနဲ့ မနီးမဝေး သစ်ပင်ရိပ်မှာ ကြွပြီး သီတင်းသုံးနေလိုက်ပါတယ်။ ဒီအခါ ဆတ္တမာဏဝ လုလင်ဟာ နတ်သားအဖြစ်နဲ့ လာပြီး မြတ်စွာ ဘုရားကို ကန်တော့ပါတယ်။ မြတ်စွာဘုရား တရားနာပြီး ဆတ္တမာဏဝ နတ်သားနဲ. မိဘတွေပါသောတာပန် တည်သွားပါတယ်။ ဆတ္တမာဏဝ လုလင်ဟာ ပထမ
ဘဝမှာ တရားထူးမရပေမယ့် ဒုတိယ ဘဝမှာတော့ တရားထူး ရသွားခဲ့ပါသတဲ့ ။
ဖားနတ်သားဝတ္ထုမှာလည်းဒီအတိုင်းပါပဲ။ မြတ်စွာဘုရား တရားဟောနေစဉ် ရေကန်တစ်ကန်က ဖားလေး တစ်ကောင်တက်လာပြီး “ဒါတရားပဲ” ဆိုတဲ့ အမှတ်နဲ့ အဓိပ္ပါယ်မသိပေမယ့် တရားဆိုတဲ့ အမှတ်နဲ့ ဝပ်ပြီး နာကြားနေပါသတဲ့ ။ အဲဒီအချိန်မှာ နွားကျောင်းသား တစ်ယောက်ကလည်း တရားနာဖို့ တုတ်တစ်ချောင်း နဲ့ထောက်ပြီး ရပ်လိုက်တာ ဖားခေါင်းပေါ်တုတ်ထောက်မိလျက်သား ဖြစ်သွားပြီး ဖားငယ်သေသွားပါတော့ တယ် ။ တရားအမှတ်နဲ့ သေသွား တဲ့ အတွက်နတ်ပြည်မှာဖြစ်ပြီး နတ်သားဘဝနဲ့ တရားပြန်နာရလို့ သော တာပန် တည်သွားပါသတဲ့ကွယ်။
ဒီဘဝမှာ မရနိုင်ပေမယ့် ဒုတိယ တတိယ ဘဝစသည်တွေမှာ ရနိုင်တယ်ဆိုတာ ဆရာတော်များက ထောက်
ပြ အားပေးထားတာပါ။
သာသနာနှစ် တစ်ထောင် နောက်ပိုင်း အခု တို.များရဲ့ခေတ်မှာ သန္တတိ အမတ်ကြီးတို့လို ဂါထာ တစ်ပုဒ်ကို အကျဉ်း နာကြားပြီး တရားထူးရနိုင်တဲ့ ခေတ်ကိုကျော်လွန်ခဲ့ပြီဆိုတော့ ကြိုးကြိုးစားစား အားထုတ်နိုင်မှ တရားရနိုင်တဲ့ ခေတ်လို.ဆိုပါတယ် ။ လူငယ်စကားနဲ့ပြောရင် အပြတ်အားထုတ်မှ တရားရနိုင်မယ်တဲ့ ။ ဒါပေမယ့် မပြတ်တပြတ် အားထုတ်နေတဲ့ သူတွေအတွက်လည်း တရားထူးမရနိုင်ပေမယ့် ကိုယ်အားထုတ်
နေတဲ့ တရားတွေကတော့ နောက်ဘဝ နောက်ဘဝတွေ အတွက် ပါရမီ တွေဖြစ်နေတယ်လို. ဆရာတော် ဘုရားများက ဟောကြားထားပါတယ် ။
ကလေးတို.ရေ --
တို.များ လူသားတွေအနေနဲ. သံသရာ ခရီးရှည်ကြီး ဆက်ရဦးမယ်ဆိုတော့ ဝိပဿနာတစ်ခုတည်း နဲ့ မလုံ
လောက်သေးဘူးတဲ့ ။ ဒါကြောင့် ပါရမီ ဖြည့်တဲ့နေရာမှာ စုံအောင်ဖြည့်ရပါမယ် ။ နောက်ဘဝဉာဏ်ကောင်း
အောင်ဆိုပြီး ဉာဏ်ကောင်းကြောင်း ကုသိုလ်တွေပြုခဲ့ရုံနဲ.လည်း မလုံ လောက်သေးပဲ ဒါနပါရမီလေးတွေ ပါတွဲပြီးဖြည့်သွားရပါမယ်လို.လည်းဆိုပါတယ်။ အဲ--ဒါနဆိုလို့ ကျောင်းတွေသိမ်တွေဆောက်လှူမှ၊ ရှင်တစ်
ထောင် ရှင်တစ်သောင်းတွေ ပြုပေးမှ မဟုတ်ပါဘူး၊ ကိုရင်သေးသေးလေးကို ဆပ်ပြာတစ်ခဲလှူလိုက်လည်း ဒါနပါပဲ ။ စာသင်သား ဘဝမှာ ဆင်းရဲကြ တာ များတော့ရသွားတဲ့ ကိုရင်လေးမှာလည်းပျော်သွားမှာပါ ။ ဆပ်ပြာတစ်ခဲ ဘယ်လောက်တန်ဖိုး ရှိလို့လဲနော် - ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဘော်ပင်၊ ဗလာစာအုပ် စ သည်တွေဟာ စာသင်သား ကိုရင် ပေါက်စတွေအတွက် သိပ်တန်ဖိုးရှိတဲ့ ပစ္စည်းတွေဖြစ်ပါတယ် ။
ဒီလိုပါပဲ၊ အိမ်မှာရှိတဲ့ ဘုရားမှာ ရေချမ်းကပ်တာ၊ ပန်းကပ်တာ၊ ဆွမ်းကပ်တာ၊ ငှက်ကလေးတွေ ခွေးလေး
တွေကို အစာကျွေးတာ၊ ကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာ စသည်တွေဟာ ဒါနတွေ ချည်းပါပဲ ။ တရား သဘောလေးတွေ အာရုံပြုနေရင်တော့ တရားသဘောတွေ ဖြစ်နေလို့ ကုသိုလ် ပြုရတာလည်း ပျော်ရွှင် ချမ်းမြေ့စရာတွေပါပဲ။ ဒါပေမဲ့ မတရားသဘောတွေ အာရုံပြုနေရင်တော့ မတရား သဘောတွေချည်း ဖြစ်
နေလို့ စိတ်ဆင်းရဲစရာတွေပဲ ဖြစ်နေတော့မှာပေါ့နော် ။
တကယ်တော့ - တရားသဘောပဲအာရုံပြုပြု၊ မတရားသဘောပဲအာရုံပြုပြု တကယ်တော့စိတ်ပါပဲ တကယ်
လို့ မတရားသဘောနဲ. မကောင်းတဲ့ အာရုံပြုမိလို့ သိလိုက်တာနဲ့ “ သြော် - မတရား သ ဘောတွေပါလား”-
လို့ ဆင်ခြင်လိုက်ရင် တရားသဘောတွေ ပြန်ဖြစ်သွားပါလိမ့်မယ် ။ အဲဒီလို သိ လိုက်နိုင် တာကိုက အတော်
လေးကို တော်နေပြီလို.ဆိုပါတယ် ။ အဲဒီလိုပဲ စိတ်ကို လေ့ကျင့် ယူရ မှာဖြစ်ပါတယ်။ လူ့ဘဝမှာ စိတ်ချမ်း သာဖို့က သိပ်အရေးကြီးပါတယ်။ တနည်းဆိုရင်လည်း သူတစ်ပါးကို စိတ် ဆင်းရဲအောင်-လူအများကို စိတ်
ဆင်းရဲအောင်လုပ်ရင် ကိုယ်လည်း စိတ်ဆင်းရဲရတတ်တာ သဘာ ဝပါ ။ စိတ်မ ချမ်းသာရင် တရားအား ထုတ်တာကအစ အဆင်မပြေဘူးလေ ။ ဒါကြောင့် စိတ်ချမ်း သာဖို့ သိပ်အ ရေးကြီးပါတယ်။ ဒါ့ကြောင့် မြင်
ကွင်း တစ်ခုကို ကြည့်တဲ့- မြင်တဲ့အခါ ပေါ့စတစ်ဆိုတဲ့ အကောင်း မြင်စိတ်နဲ. ကြည့်တတ်မြင်တတ်အောင်
လေ့ကျင့်ထားကြပါလို. မေတ္တာရပ်ခံ ချင်ပါ တယ် ။
ကလေးတို.အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကွယ်

No comments:

Post a Comment