မကြာမီ ကျရောက်လာတော့မယ့် “သီတင်းကျွတ်ပဲါတော်“ ကြီးကို
ဟောဒီ အသံလွှင့်(ပြီးခဲ့တဲ့ )ဇာတ်လမ်းလေးနဲ. ကြိုဆိုလိုက်ပါရစေ--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
တပည့်များ-- မင်္ဂလာပါဆရာမ
ဆရာမ -- မင်္ဂလာပါကွယ် ၊ အော်-- ကိုသီဟ တို.ပါလား ။
တပည့်များ -- ဟုတ်ကဲ့- မရတနာ-မအိန္ဒြာနဲ. ကိုလတ်တို.လည်း ပါ- ပါတယ်ဆရာမ ။
ဆရာမ -- အော်- ဟုတ်လား-- ကဲ - လာ အိမ်ပေါ်တက်ကြလေကွယ် ။
ရတနာ -- သမီးတို.က ဆရာမကို လာကန်တော့ကြတာပါ ။
အိန္ဒြာ -- ဟုတ်ကဲ့-ဆရာမကို ကန်တော့ပြီးရင် သမီးတို.လူကြီး မိဘ နဲ.ဆရာတွေကိုပါသွား ကန်တော့ကြမလို.ပါ ။
ဆရာမ -- သိပ်လိမ္မာတဲ့ ကလေးတွေပါလားကွယ် ။ အေး--ခုလို ဝါလကင်းလွတ်လို. သီတင်း ကျွတ်ပြီဆိုတာနဲ. လူကြီး မိဘနဲ. ဆရာသမားတွေကို ပူဇော် ကန်တော့ကြတဲ့အလေ့အထဟာ တို.များ ဗုဒ္ဒဘာသာ မြန်မာလူမျိုးတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့ထုံးတမ်းစဉ်လာ တစ် ရပ် ပါပဲကွယ်။
ရတနာ -- ဆရာမကိုကန်တော့ဖို. ဒီမှာ ကိတ်မုန်.နဲ. သစ်သီးတွေ ဝယ်လာပါတယ် ။
ဆရာမ -- အိုကွယ်- ဒါတွေမလိုပါဘူး-လူကြီးတွေကို ကန်တော့အခါ စိတ်ပါလက်ပါနဲ. လက် အုပ်ချီကန်တော့ရုံနဲ.လည်း လုံလောက်နေပြီပဲကွယ်။
ကိုလတ် -- အခုလို သီတင်းကျွတ်တိုင်း ဆရာမိဘနဲ. လူကြီးတွေကိုကန်တော့ကြတဲ့အကြောင်း ကျနော်
တို.ကို ရှင်းပြပါလားဆရာမရယ်။
အိန္ဒြာ -- ဟုတ်ပါတယ်ဆရာမ -သမီးတို.လည်း သိချင်ပါတယ် - ပြောပြပါနော် ။
ဆရာမ -- အေးပါကွယ်- -- ဒီလို သီတင်းကျွတ်ပွဲတော်အကြောင်း ပြောပြရမယ် ဆိုရင်တော့
ပထမဆုံး တို.များရဲ့ ဗုဒ္ဒမြတ်ဘုရား ပွင့်တော်မူစ အချိန်ကာလကို ပြန်သွားကြရလိမ့်မယ် -----
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆရာမ -- တိုးများရဲ့ ဗုဒ္ဒမြတ်ဘုရားဟာ ဘုရားအဖြစ်ကို ရရှိတော်မူပြီးနောက် တာဝတိံသာ
နတ်ပြည် မှာ သတ္တမမြောက် ဝါဆို ဝါကပ်တော်မူပြီးတဲ့အခါ ကျေးဇူးတော်ရှင် မယ်တော်မာယာ (နတ်သား)ကိုအကြောင်းပြုပြီး နတ်ဗြဟ္မာများကို အဘိဓမ္မာတရား ဟောကြားတော်မူတယ် ။ အဲဒီ လို သုံးလပါတ်လုံးတရားဟောကြားတော်မူပြီးလို. သီတင်းကျွတ်လပြည့်နေ. ရောက်လာတဲ့အခါ တာဝတိံ
သာ နတ်ပြည်ကနေ လူ.ပြည်လူ.ရပ်ဌာနကို ပြန်ကြွတော်မူခဲ့တယ်။
ဒီလို တာဝတိံသာနတ်ပြည်မှ မြတ်ဗုဒ္ဒ ပြန်ကြွတော်မူမယ့် သင်္ကသနဂိုရ်ပြည် အထိ ရွှေစောင်းတန်း -ငွေစောင်းတန်းနဲ. ပတ္တမြားစောင်းတန်းကြီးတွေကို နတ်ဗြဟ္မာများက ဖန်ဆင်းပေးထားကြသတဲ့ ။
တပည့်များ -- တော်တော် လှမှာပဲနော်---
ဆရာမ -- အေးကွဲ.- လူ.ပြည်က လူသားတွေကလည်း ဆီမီးရောင်စုံ အဖုံဖုံနဲ. ပူဇော်ကန်တော့ ကြတာပေါ့။ အဲဒီ အကြောင်းရင်းကို အခြေခံပြီး ဒီကနေ.တိုင်အောင်ပဲ ဒီလို သီတင်းကျွတ် ပြီဆိုတာနဲ. ဗုဒ္ဒမြတ်ဘုရားကိုရည်စူးပြီး ဆီမီးရောင်စုံတွေထွန်းညှိပူဇော်ကြတယ်လေ။ အေး--အဲဒီ ဗုဒ္ဒပူဇော်ပွဲကို အ
စွဲပြုပြီး အခုကလေးတို.လိုပေါ့ လူကြီး-မိဘ-ဆရာသမားတွေနဲ.အတူ ကိုယ့်ထက် အသက်ကြီး ဝါကြီးတဲ့ သူတွေကို အခုလိုပဲကန်တော့ကြတဲ့ ကြည်နူးစရာအလေ့အထက ဒီကနေ. တိုင်အောင်ပါပဲကွယ်။
ကိုသီဟ -- ဒါနဲ. ဝါကျွတ်ပွဲတော် ဆိုတာကကော ဘာအဓိပါယ်လဲဆရာမ ။
ဆရာမ -- အေး-အဲဒါကတော့ တို.များရဲ့ ဂေါတမဘုရားလက်ထက်မှာ ရဟန်းသံဃာတော်တွေ ဘယ်လောက် များသလဲဆိုရင် လယ်ကွင်းပြင်ကို ဖြတ်ဖြတ်ပြီး ဆွမ်းခံကြွရတဲ့အခါ ဆန်စပါးစတဲ့ ကောက်ပဲ သီးနှံပင်တွေကိုတောင် ရှောင်လို. မရနိုင်တဲ့အထိပဲတဲ့လေ။ နွေရာသီလို ဆန်စပါး သီးနှံ ပင်တွေ မဖွံ.ဖြိုး
သေးတဲ့အချိန်မှာ အကြောင်းမဟုတ်ပေမဲ့ မိုးရာသီရောက်တဲ့အခါ ဒီရဟန်း သံဃာ တွေကြောင့် စပါးစိုက်ခင်းတွေ ပျက်ယွင်းကုန်တဲ့အတွက် စိုက်ပျိုးသူတွေက မြတ်ဘုရားထံ တင်ပြ တောင်းပန်ကြ
သတဲ့ကွယ်။
ရတနာ -- အဲဒီတော့ ဘုရားက ဘယ်လို လုပ်ပေးလဲဟင်- ။
အိန္ဒြာ -- ဆရာမပြောတာကို နားထောင်ပါအုံး မရတနာရဲ့ -
ဆရာမ -- အေး- ဒီအခါ မြတ်ဘုရားကလည်း ဝါဆိုလပြည့်နေ.ကစပြီး ရဟန်းသံဃာအားလုံး ဘယ်ကိုမှ ခရီးဝေးမထွက်ကြရပဲ မိမိတို.ရဲ့ကျောင်းသင်္ခမ်းမှာသာ တရားဓမ္မများကျက်မှတ်လေ့လာကြရ
မယ် လို. ပညတ်တော်မူလိုက်တယ် ။ ဒါ့ကြောင့် ဝါဆိုလပြည့်နေ.ကို “ဝါဝင်“တဲ့နေ.လို.သတ် မှတ်ကြ တာပေါ့ကွယ် ။
ကိုသီဟ -- ဝါတွင်းသုံးလလုံးပေါ့နော် ဆရာမ ။
ဆရာမ -- အေး-ဟုတ်တယ်ကွဲ.။ သီတင်းကျွတ်လပြည့်နေ.ရောက်တဲ့အခါမှ သံဃာတော်တွေ
လည်း မိမိတို.လိုရာကို ကြွနိုင်ကြတယ် ။ ဒါကို “ဝါကျွတ်“ တယ်လို.သတ်မှတ်ပြိး လူတွေကလည်း ရဟန်းသံဃာများကို ပင့်ဖိတ်ပြီး အလှူဒါနတွေပြုလုပ်ကြတာပေါ့ ။ ဒါက ရဟန်းသံဃာတော်များရဲ့
“ဝါကျွတ်“ ရတဲ့အကြောင်းနော် ။ အဲ- တို.များလူသားတွေအနေနဲ.ကျတော့ အခု ကလေးတို.လိုပေါ့
လူကြီး မိဖ-ဆရာသမားတွေကို တရိုတသေနဲ. ကန်တော့တဲ့အခါ ကာယကံ- ဝစီကံ-မနောကံ စတဲ့ ကံတစ်ပါးပါးနဲ. ပြစ်မှားခဲ့မိပါက ထိုအပြစ်မှ ခွင့်လွှတ်ပေးပါရန် ပန်ကြားရတယ်-ဒီအခါကန်တော့ခံရတဲ့ လူကြီးက အပြစ်မှန်သမျှ ခွင့်လွှတ်ကြပြီး ဆုမွန်ကောင်းတွေ တောင်းပေးတာနဲ. ကန်တော့သူရဲ့ စိတ်
ထဲမှာ “ ဒီအပြစ်များမှ ကျွတ်သွားပြီ- လွတ်သွားပြီ“-ဆိုတဲ့ ဝမ်းသာ ပီတိစိတ်တွေပေါ်လာတယ် လေ။ အဲဒါကတော့ တို.များ လူသားတွေအတွက် “ကျွတ်ရ လွတ်ရ“ တဲ့ အချက်ပေါ့ကွယ် ။
ကိုသီဟ -- ဟုတ်တယ်နော် - ကျနော်တို.ကို လူကြီးတွေက အဲဒီလို ဆုပေးတဲ့အခါ အရမ်းပျော် သွား တာပဲဆရာမရဲ့ ။
ဆရာမ -- အေး - - လူငယ်ဆိုတာကိုယ့်ထက် အသက်ကြီးပြီး ကိုယ့်ထက် ဗဟုသုတ ကြွယ်ဝ သူ-ကိုယ့်ထက် ဥာဏ်ပညာကြီးရင့်သူ လူကြီးများရဲ့ ဆိုဆုံးမစကားနဲ. လမ်းညွှန်ပြသမှုတွေကို အမြဲလိုက်
နာ နားထောင်ကြရမယ်။ ပညာသင်ကြားနေတဲ့အချိန်မှာ သူတစ်ပါးတွေ ဘာဘာညာညာတွေ ပြောကြ လုပ်ကြတာတာတွေကို နားမယောင်ရဘူး ။သူများလက်ခုပ်တီးပေးတိုင်းလိုက်မလုပ်ရဘူး-တကယ်လို. နားယောင်ပြီးလိုက် လုပ်မိရင်ကော ကိုယ်ပဲ နစ်နာ ဆုံးရှုံးရမယ်ပေါ့ ။ ကိုယ့်ရဲ့ မိဖတွေ လည်း စိတ်ဆင်းရဲ ပင်ပန်းကြရမယ် ။ ဒါကိုတော့ ကလေးတို. အမြဲ သတိရှိနေကြဖို.လိုပါတယ်။
No comments:
Post a Comment