အခုလို မိုးရာသီ လွန်မြောက်လို. အေးမြမြ ဆီးနှင်းတွေ စီစီဝေလာပြီး ဆောင်းရာသီ ရောက်ပြီဆို တာနဲ.
ကျမတို. လူသားတွေမှာလည်း အလည်အပါတ် ခရီးတွေ သွားလာတတ်ကြတာ အစဉ်အလာ တရပ်ပါ။ ရန်ကုန်လိုမြို.ကြီးတွေမှာဆို“ဘုရားဖူး“အဖွဲ.တွေ ဦးမော့လာကြသလိုပါပဲ။ ”ဘုရားဖူးခြင်း အနုပညာ” ဆို
တာ တကယ်တော့ ဘုရားဖူးရန် “ခရီးသွားခြင်း” အနုပညာဖြစ်ပါတယ် ။
ဒါပေမဲ့ ခရီးသွားတဲ့ ရည်ရွယ် ချက်- နှလုံးသွင်းမှုနဲ.စေတနာ ကိုလိုက်ပြီး ကွဲပြားသွားပါတယ် ။
(၁) ဟန်ဘုရားဖူးသွားခြင်း(၂) ကံဘုရားဖူးသွားခြင်း (၃) ဥာဏ်ဘုရားဖူးသွားခြင်း ရယ်လို.လည်း ခွဲခြား ထားတာတွေ. ရပါတယ် ။
(၁) ဟန်ဘုရားဖူးသွားခြင်း ဆိုတာက ဘုရားကို ခေါင်းစဉ်တပ်ပေမဲ့ ခရီးထွက်
လိုတာက အဓိက ဖြစ်ပြီး ဘုရားဖူးလိုတာက သာမညပဲဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း ခရီးစဉ်တစ်
လျှောက်လုံးတွေ. သမျှ ဘုရား-ဆင်းတုတော်ဆိုရင် ပုဆိန်ပေါက် ဦးသုံးကြိမ်ချ ၊ စေတီတော်ဆိုရင်
လည်း တစ်ပတ် လောက် လှည့်ပတ် ကြည့်ပြီးပြန်လာ တတ်ကြတာပါ ။ အပျော် သဘောဘရားဖူး
သွားခြင်းပါပဲ။ ဒါကို တတိယတန်းစား “အညံ့ စားဘုရားဖူးသွားခြင်း“ လို.ဆိုပါတယ် ။
(၂) ကံဘုရားဖူးသွားခြင်း ဆိုတာကတော့ “ဘုရားလည်းဖူး လိပ်ဥလည်းတူး“ ဆို
သလို ကုသိုလ် တစ်ဝက် အပျော် တစ်ဝက် ခရီးထွက်ခြင်းမျိုးဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက် တွေ.ကြုံ
သမျှ ဆင်းတု-စေတီတော် မှန်သမျှမှာ အကျအန သြကာသနဲ.ရှိခိုး ၊ ပန်း-ဆီမီး-ရေချမ်းအမျိုးမျိုးကပ်-
စေတနာ ထပ်ရှိလာလို. အသပြာငွေလေးပါ လှူဒါန်းကာ ခတ်လန်း လန်းလေး ပြန်လာတတ်ကြတာပါ ။
ဒါကို “ဘုရားဖူးခြင်းအနုပညာ“ မှာ “ဒုတိယတန်း အလတ်စား ဘုရားဖူးသွားခြင်း“ လို. သတ်မှတ်ထား တာ
တွ.ရပါတယ် ။
(၃) ဥာဏ်ဘုရားဖူးသွားခြင်း ဆိုရာမှာလည်း ဘုရားဖူးရန်အတွက် ဘယ်ဒေသကိုမှ တမင် သက် သက်သွား
စရာ မလိုပဲ မိမိခန္ဒာကိုယ်ထဲကိုသာ “မဂ္ဂင်ရှစ်ပါး“ လမ်းမကြီးမှ “သီလ-သမာဓိ-ပညာ“ ဆိုတဲ့ သိက္ခာသုံးပါး ယာဉ်ရထားကိုစီးကာ ဘာဝနာခရီးထွက်ခြင်းသာဖြစ်ပါတယ် ။ သာမန်လူများ က “ဘုရားဖူး“ ဆိုပြီး ခရီးတွေ တစ်ခုပြီးတစ်ခု သွား တတ်ကြပေမဲ့ တကယ်တမ်းဘုရားဖူးဖို.ဆိုရင် အဝေးကိုသွားစရာမလိုပါ။ မိမိနဲ.အနီးကပ် ဆုံး နှလုံးသားထဲကိုသွားကြရမှာပါ-လို.ဆရာတော်များက ဟောကြားထားတာ မှတ်သားဖူးပါတယ် ။
“ပဋိယတ္တိ“ မြေပုံရဲ့ လမ်းညွှန်ချက်နဲ.အညီ “ပဋိပတ္တိ“ လမ်းမကြီးအတိုင်း ဖြောင့်ဖြောင့် လျှောက်သွားလို. “ ပဋိဝေဓ “ နယ်မြေထဲ ရောက်သွားတဲ့အခါ “သစ္စာလေးပါး” တရားပုလင်ထက်မှာ တင့်တယ် စံပယ်စွာသီတင်း သုံးနေတော်မူတဲ့ “မြတ်ဘုရား“ ကို ကိုယ်တွေ.-ဥာဏ်တွေ.လူတိုင်း ဖူးမြင်နိုင်ကြပါလိမ့်မယ်- လို. လည်းဆိုပါတယ်။ ဘုရားဖူးခြင်း အနုပညာမှာ “ပထမတန်းစား အမြတ်ဆုံးဘုရားဖူးသွားခြင်း“ လို.ဖေါ်ပြ ထားပါတယ်။
တကယ်တော့ “ဘုရား“ ဆိုတာ လောကမှာ အမြတ်ဆုံးသော အာရုံတစ်ခုဖြစ်ပါတယ် ။ အဲဒီ အာရုံ ထဲကို
သာ မိမိရဲ့ စေတနာလေး တစ်ခေါက်လောက် ခုန်ဆင်းသွားမိပြီဆိုရင် “နတ်ရကန်ထဲ“ကျသွားတဲ့ လူလို မယုံကြည်နိုင်စရာအကျိုး ထူးများကို တသီကြီး ရလာတတ်ပါတယ် ။ဗုဒ္ဒမြတ်ဘုရားနဲ.ပတ်သက်လာရင် ရိုသေမြတ်နိုးရှိခိုးရမှု - ဆက်ကပ်လှူဒါန်းရမှုတွေကို မဆိုထားနဲ. မြတ်ဘုရား ကို တစ်ကြိမ်းတစ်ခါမျွှ မြင်ရ- ကြားရ- အောက်မေ့ သတိရခြင်းစတဲ့ စိတ်အာရုံကလေး ဖြစ်ပေါ် လာကာမျှနှင့်ပင် ဘဝသံသရာတွင် မိမိတို.အတွက် စိတ်အချရဆုံး - အားအကိုးရဆုံး - အ ကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်မှန်းမသိ ဖြစ် သွားတတ်တယ်လို.လည်း ဆိုထားပါတယ်။
“ဘုရားဖူးခြင်း အနုပညာ“ မှ အဓိကဖေါ်ပြလိုတဲ့ အဓိကပန်းတိုင်ကလည်း တကယ့်“မြတ်ဗုဒ္ဒ“ကိုအနီးကပ် ဖူးမြင်နိုင် ရန်ဖြစ်ပါတယ် ။ ဒီလို ဘုရားရှင်နဲ.နီးခြင်း ဝေးခြင်းကိုလည်း ဒေသပမာဏ- ကာလပမာ ဏတွေ နဲ.မတိုင်းတာ မသတ်မှတ်နိုင်ပါ။ “သစ္စာလေးပါး“ တရားတော်ကိုသိမြင်ခြင်းဆိုတဲ့ဓမ္မပမာဏဖြင့်သာ သတ် မှတ်တိုင်းတာနိုင်မှာဖြစ်ပါတယ်။
မြတ်ဘုရား ကိုယ်တော်တိုင်ကလည်း “ငါဘုရားရဲ့ သင်္ကန်းစွန်းကိုကိုင်ပြီး ဖဝါးခြေ ထပ် နောက်မှကပ်ပြီး လိုက်လာပေမဲ့ တရားကို မသိ မ မြင်ရင်နိုင်တော့ အဲဒီ ပုဂ္ဂိုလ်ဟာ ငါဘုရားနဲ. ဝေးကွာနေမှာဖြစ်ပေမဲ့
တရားကို သိမြင်နိုင်ရင်တော့ ငါဘုရားရဲ့ အနီးမှာတည်ရှိနေသလို ငါဘုရားသည်လည်း အဲဒီပုဂ္ဂိုလ်
ရဲ့ အနီးမှာပဲ တည်ရှိနေပါတယ်“ လို. မိန်။တော်မူခဲ့ပါသတဲ့ ။
ဒီ “ဘုရားဖူးခြင်း အနုပညာ“ မှ အဓိက ဖေါ်ပြလိုတဲ့အချက်က “ ဘုရားဆိုတာ တရားရဲ့ ကိုယ်စား တော်ဖြစ်
သလို - တရားဆိုတာလည်း ဘုရားရဲ့ ကိုယ်စားတော်“ ဖြစ်ခြင်းပါပဲ။ ဒါ့ကြောင့် “ တရားကို
သိမြင်ဟာ ဘုရားကို ဖူးမြင်ခြင်းဖြစ်သလို ဘုရားကို ဖူးမြင်ခြင်းဟာလည်း တရားကိုသိမြင်ခြင်းဖြစ်ပါတယ်။
(တော်ဝင်နွယ်ရဲ့ ဘုရားဖူးခြင်းအနုပညာ - မှ ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါတယ်)
ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:
Post a Comment