ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ ၀က်များက ငြူစူစွာ ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ရှေးကထက်ကဲ။
(လေးဆစ်) မန်လည်ဆရာတော်
ဆိုဒ်လေးတဆိုဒ်ထဲကိုအလည်သွားရင်း ဒီစာလေးကိုဖတ်မိတော့ ကျွန်မပို့စ်လေး တခု ရေးဖို့စဉ်းစားမိသွားတယ်။ အခုတလောမှာ ဗုဒ္ဓကမ္ဘာဆိုဒ်ထဲကို အခြားဘာသာခြား တွေ ရောက်လာကြပါတယ် ဆိုဒ်ထဲမှာရှိတဲ့ တရားဓမ္မတွေကို လေ့လာဆည်းပူးဖို့ ဆွေးနွေးဖို့ ဆိုရင်တော့ ကျွန်မတို့ ဆိုဒ်လေးက နွေးထွေးစွာကြိုဆိုပါတယ် အခုတော့အဲလိုမဟုတ်ဘူး ဆိုဒ်ထဲကိုလာပြီး ကျွန်မတို့ ရဲ့ ဘ၀သံသရာတွေထဲမှာ အကောင်းအဆိုး အကြောင်းအကျိုးတွေကို နားလည်အောင် ချမ်းသာကြောင်းတရားတွေကို ကိုယ်တိုင်လည်းကျင့်သုံးသလို သတ္တ၀ါအများကို လည်းချမ်းသာအောင် လမ်းဆောင် ညွှန်ပြပေးခဲ့တဲ့ လောကဆရာတဆူဖြစ်တဲ့ မြတ်စွာဘုရားကို စော်ကားဖို့ ရှူံချဖို့ စော်ကားတဲ့အသုံးအနှုံန်းတွေနဲ့ရောက်လာကြပါတယ်။ ဆိုဒ်ကို အနှောက်အယှက် ဖြစ်စေခြင်ရုံသပ်သပ်နဲ့ ဆိုဒ်ထဲကိုဝင်လာပါတယ် မန်ဘာအဖြစ်ကို spam တွေအနေနဲ့ ၀င်ပြီး နှောက်ယှက်တယ် ပြီးတော့ သူတို့ကိုးကွယ်တဲ့ ဘုရားသာအမှန် သူတို့ဘုရားကိုကိုးကွယ်ဖို့ သွယ်ဝှိက်တဲ့နည်းတွေနဲ့ ဆွယ်တရားလာဟောပါတယ်၊ ကျွန်မစဉ်းစားမိတယ် ကောင်းတဲ့ပစ္စည်းကို လူတွေဟာတန်ဖိုးထားသလို နှစ်သက်မှူ့လည်းရှိကြတယ် ကောင်းတဲ့ပစ္စည်းကိုအသုံးပြုဖူးတဲ့သူတိုင်းဟာဒီပစ္စည်းကောင်းကြောင်း တန်ဖိုးရှိကြောင်း၊ အရည်အသွေးပြည့်မှီကြောင်း သိတယ်၊ ကြော်ငြာစရာမလိုဘူး အခြားပစ္စည်းနဲ့ နှိုင်းယှဉ်ပြစရာလည်းမလိုပါဘူး၊၊ ကိုယ့်ပစ္စည်းကိုယ် ယုံကြည်မှူ့မရှိလို့သာ အခြားပစ္စည်းကတော့မကောင်းဘူး သူတို့ပစ္စည်းသာလျှင်ကောင်းတယ်ဆိုပြီး အများနှစ်သက်လာအောင်ဘာပေးမယ်၊ညာပေးမယ်နဲ့ လိုက်ပြီးစွယ်နေရတာပါ။ အဲဒီတော့ ကျွန်မပြောခြင်တာကလည်းဒီလိုပါပဲ ကျွန်မတို့ဘုရားရှင်ဟာ ဘယ်လောက်တော်ပါတယ် ဘာတွေ စွမ်းဆောင်ပေးပါတယ်ဆိုတာ လိုက်ပြီးပြောပြနေစရာမလိုပါဘူး ၊ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ငါဘုရားကလွဲပြီး အခြားသောဘုရားကို ကိုးကွယ်တဲ့ သူတွေ ငရဲကျမယ်လို့ မဆိုထားခဲ့ပါဘူး၊ ဒါပေမဲ့ မြတ်စွာဘုရားကဆုံးမထားတာလေးတော့ရှိတယ် ငါဘုရားဟောထားတဲ့အဆုံးအမတရားအတိုင်းလိုက်နာရင် ငါဘုရားကိုကိုးကွယ်တာနဲ့ အတူတူပဲလို့ဆိုဆုံးမခဲ့ပါတယ် ဒီလိုပါပဲ ဗုဒ္ဓဘာသာအဖြစ်ခံယူထားပြီး ဗုဒ္ဓရဲ့ အဆုံးအမကို မနာခံ မလိုက်နာတဲ့သူကလည်း ဘုရားကိုတကယ်ယုံကြည်ကိုးကွယ်တဲ့သူမဟုတ်ပါဘူး။ ဘုရားဟောခဲ့တဲ့တရားမှာလည်း( မကောင်းမှူရှောင် ကောင်းမှူ့ဆောင် ဖြူအောင်စိတ်ကိုထား ခုလည်းချမ်းသာ နောင်ချမ်းသာ မြတ်စွာဟောမိတ်ကြား )တဲ့ ဘာမှ ကိုယ်ရည်ကိုယ်သွေး ပြီးဟောခဲ့တာမဟုတ်ပါဘူး။ မကောင်းမှူ့လို့ခေါ်တဲ့ အကုသိုလ်တရားတွေဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကိုရှောင်ပြီး၊ ဒီအကုသိုလ်တရားတွေကနေ ကင်းအောင်နေကြလို့ မိန့်တော်မူခဲ့တာပါ။ ပြီးတော့ မိမိစိတ်ကလေးကို ဖြူစင်နေအောင် အမြဲတမ်း သတိပဌာန်လေးနဲ့ နေခိုင်းတာပါ။ မြတ်စွာဘုရားက ဘယ်ဘာသာကတော့မကောင်းဘူး ဘယ်ဘုရားကတော့မကောင်းဘူးရယ် လို မပုတ်ခတ်ခဲ့ပါဘူး သူတပါးအကျိုးကို ပျက်စီးပါစေဆိုတဲ့စိတ်နဲ့လည်း မကြံစည်ခဲ့ပါဘူး အခြားသောဘာသာတွေကိုလည်း စွယ်တရားမဟောခဲ့ပါဘူး။ နောက်တခုက ကျွန်မတို့ဗုဒ္ဓဘာသာလူမျိုးတွေ ဟာ ဘယ်ဘုရားကတော့မကောင်းဘူး၊ ဘယ်ဘာသာကတော့မကောင်းဘူး ရယ်လို့ သီးသန့်ဘလော့တခုအနေနဲ့ ခေါင်းစဉ်တွေတပ်ပြီး မရေးကြပါဘူး အမေးရှိရင်သာ အဖြေရှိခဲ့တာပါ။ မရှင်းတဲ့ပြသာနာတခုကို ဖြေရှင်းပြဖို့အတွက် ပဲကြိုးစားကြတာပါ။ အဲဒီပုဂ္ဂိုလ်တွေကို ကျွန်မပြောခြင်ပါတယ် သူတို့ကိုယ်တိုင်အေးချမ်းကြပြီလားလို့ မေးချင်ပါတယ်။ အငိုကင်းပြီလား၊၊ လောဘ ဒေါသ မောဟတွေ ကင်းပြီလားလို့ မေးချင်ပါတယ်ရှင်။ ဒါကြောင့်မလို့ ကျွန်မတို့ ဗုဒ္ဓဘာသာဆိုဒ်အတွင်းမှ လာရောက်တဲ့ပုဂ္ဂိုလ် တွေဟာ ဗုဒ္ဓရဲ့တရားဓမ္မတွေကိုလေ့လာဖို့ လာတယ်လို့ကျွန်မထင်ပါတယ်။ ပြီးတော့ ကျွန်မတို့ဗုဒ္ဓတရားတော်တွေ မသိသေးတာတွေသိအောင် မရှင်းသေးတဲ့အမြင်တွေကို မိမိထက် တတ်သိနားလည်တဲ့ပုဂ္ဂိုလ်တွေနဲ့ ရှင်းလင်းအောင် ဆွေးနွေး တိုင်ပင်လို့ ရအောင်လို့လာတယ်လို့ ကျွန်မယူဆပါတယ်။ အဲဒီတော့ ဆိုဒ်အတွင်းမှာ ဗုဒ္ဓ မြတ်စွာဘုရားကိုပုတ်ခတ်ပြီးစော်ကားပြီး သူတို့ဘာသာကိုကိုးကွယ်ဖို့ ဆွယ်တရားလာဟောတဲ့ ပုဂ္ဂိုလ်အချို့ကို ကျွန်မက ဒီကဗျာလေးနဲ့ပဲပြောခြင်ပါတယ် ကျွန်မပြောတဲ့အထဲမှာ သူတို့ဘာသာကိုစော်ကားတဲ့စကား မပါပါဘူးရှင်

ဒီကဗျာလေးကို ထပ်ခါထပ်ခါဖတ်ပါလို့ တိုက်တွန်းရဲ့ ကျွန်မရဲ့ အမြင်လေးကိုအများလည်းသိအောင် အခြားလည်းသိအောင် တင်ပြလိုက်ပါတယ်ရှင်....
ဖြူစင်သောမေတ္တာဖြင့်

No comments:
Post a Comment