Monday, January 14, 2013
လူသားမျိုးနွယ်အစ- မြန်မာက
မင်္ဂလာပါကလေးတို.ရေ --
ဒီနေ. ကလေးတို.နဲ.ဆွေးနွေးဖို. “ လူမျိုးနွယ်အစ မြန်မာက“ ဆိုတဲ့ အကြောင်းလေးကို ရွေးထားပါတယ် ။
ကလေးတို.ရေ --
အဲဒီခေါင်းစဉ်ကိုဖတ်ပြီး “သံသယ” တွေနဲ. တွေဝေမသွားပါနဲ.အုံး(ဦး)နော် ။ ရှေးခေတ်နဲ.ဒီကနေ. မျက်
မှော က်ခေတ် သုတေသန ပညာရှင်ကြီးများက အဆင့်ဆင့် လေ့လာခဲ့ကြတာပါ ။ တကယ်တော့ ဟော
ဒီ ကမ္ဘာ့မြေပြင်ပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ သတ္တအရင်းအမြစ်တွေကို ဆက်လက်သုတေသနပြုခဲ့ကြတယ်။
Primate လို.ခေါ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ ကို တွေ.ရှိ လေ့လာရာက လူသားမျိုးနွယ်အစ ကို ဆက်
လက်လေ့လာခဲ့ကြခြင်းဖြစ်ပါတယ် ။
အဲဒီလူသားမျိုးနွယ်အစ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကို အာဖရိကတိုက် မှာရှိတဲ့ အီဂျစ်
နိုင်ငံ မှာအစောဆုံးတွေ.ရှိခဲ့ပြီး သက်တမ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ သန်း လို. ဆိုပါတယ် ။ အာရှတိုက်
ထိုင်းနိုင်ငံမှာလည်း အဲဒီ လူတူ ( Primate )လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ.ရတယ် - သက်တမ်း
ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ သန်းကဖြစ်ပါသတဲ့ ။ တရုပ်နိုင်ငံမှာတွေ.တဲ့ လူတူ ( Primate ) လူတူ
ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ သက်တမ်း ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ - ၃၈ သန်းကဖြစ်ပြီး အရွယ်အ
စားက မြေကြွက်လောက်သာရှိတဲ့အတွက် ပညာရှိများက လူတူ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်း
အဖြစ် လက်မခံခဲ့ကြဘူးလေ ။အခုနောက်ဆုံး ကမ္ဘာ့ပညာရှင်များက ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံ
ရှာဖွေရာမှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပုံတောင်ဒေသမှ တွေ.လာရတဲ့ ( Primate ) လူတူ ကျောက်
ဖြစ်ရုပ်ကြွင်းတွေကတော့ သက်တမ်းလားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၀ ကျော်ကဖြစ်သလို မျောက်လွှဲ
ကျော် အရွယ်အစားဖြစ်တဲ့အတွက် ပညာရှင်များလက်ခံကြပါသတဲ့။
ကလေးတို.ရေ --
တို. မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ ပုံတောင် နဲ. ပုံညာ ဆိုတဲ့ တောင်တန်းကြီး နှစ်သွယ်ကို ကမ္ဘာက
လည်းသိကြပါသတဲ့ ။ အဲဒီ ပုံတောင်နဲ. ပုံညာဒေသက တွေ.ရှိခဲ့တဲ့ ( Primate ) လူတူကျောက်ဖြစ်ရုပ်
ကြွင်းတွေနဲ. ပတ်သက်ပြီး အမေရိကန်ပညာရှင်များဖြစ်ကြတဲ့ G. E. Pilgrim နဲ. Dr. H. E. Colbert
တို.က အတိအလင်း ရေးသား အတည်ပြုခဲ့ကြပါတယ် ။ လူသားမျိုးနွယ်ရဲ့ မူလအစ ကိုလေ့လာရာမှာ
များစွာအထောက်အကူဖြစ်စေမယ့် မြန်မာနိုင်ငံပုံတောင်ဒေသမှတွေ.ရှိခဲ့တဲ့ “(Primate)လူတူကျောက်
ဖြစ် ရုပ်ကြွင်းများရဲ့ သက်တမ်းဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ” ဆိုတဲ့ အချက်နဲ.ပတ်သက်ပြီး ပိုမို
တိကျခိုင်မာတဲ့ အထောက်အထားများ ရရှိ စေရန် ကြိုးပမ်းခဲ့ကြရာမှာ ၁၉၉၈ - ခုနှစ် ဧပြီလ အတွင်း
မြန်မာနိုင်ငံသို.လာရောက် ကွင်းဆင်းလေ့လာခဲ့ကြတဲ့ ပြင်သစ်နိုင်ငံပါရီမြို. Mont Pillier University
Instates of Science de L’ Evolution မှပါမောက္ခ Fean Facques Faeger ခေါင်းဆောင်တဲ့(Primate)
လူတူကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်အဖွဲ.က အီဂျစ်နိုင်ငံ မှာ တွေ.ရှိခဲ့တဲ့(Primate) လူတူကျောက်ဖြစ်
ရုပ်ကြွင်းများထက် နှစ်ပေါင်း သန်းပေါင်း ၇ သန်း ပိုမိုရှေးကျကြောင်းပြင်သစ်နိုင်ငံထုတ် သတင်းစာများ
မှာ ဖေါ်ပြပြီး ကမ္ဘာသို. အသိပေး ကြေညာခဲ့ပြီးဖြစ်တဲ့အတွက် “ လူသားမျိုးနွယ်အစ မြန်မာက
(Man Originated in Myanmar)”-လို. ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းဖြစ်ပါတယ် ။
ကလေးတို.ရေ --
ဒီလို ကမ္ဘာပေါ်မှာ အစောဆုံး အဆင့်မြင့် ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းများ စတင် ပေါ်ပေါက်
ရာတို.များမြန်မာ့နယ်မြေက ပုံတောင်ဒေသဟာဖြင့် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစရာ မဟုတ်ပါလား။
ကလေးတို.အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကွယ်
Labels:
ကလေးတို့ဆရာမ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment