Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှား ရှိခဲ့ငြားသော်

“ဘဝသံသရာ” ဆိုတဲ့ ကျမတို.ရရှိထားကြတဲ့”ဘဝဝဲဂယက်” မှ ရှောင်လွှဲ မထွက်နိုင်သမျှတော့ သတ္တ ဝါအားလုံးအဖို.မှာလည်း ပြုံးတစ်ခါ ငိုတစ်လှည့်နဲ.ပဲ ခရီးနှင်ကြရမှာ ဓမ္မတာပါ ။ အဲဒီ “သံသရာ ခရီး စဉ်” အတွင်းမှာလည်း ခရီးနှင်နေကြသူ အချင်းချင်းကပဲ “သူ.ခေါင်းကိုယ်နင်း၊ကိုယ့်ခေါင်းသူနင်း-ပေါ့ ။ သက်ကြီးစကား တစ်ဆင့်ကြားခဲ့ဖူးတာကတော့ ” ပြုသူအသစ်- ဖြစ်သူအဟောင်း” တဲ့ ။ ကဲ- ဒီစကား ဟုတ်-မဟုတ် သက်သေ ထုတ်ကြည့်ကြရအောင်ပါလား ။
ဒီနေရာမှာ “ ဝဋ် ” လိုက်တယ်။“ ဝဋ် ” လည်တယ် ဆိုတာနဲ.ပတ်သက်ပြီး ကျမတို.ဦးထိပ် ထားနေ ကြတဲ့ ဗုဒ္ဒမြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေအရ တင်ပြရမယ်ဆိုရင် -- ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၃ နှစ်ကို ပြန်သွားကြရပါမယ် ။
ဥပုဒ်နေ.တစ်နေ.မှာပေါ့- ဂေါတမ မြတ်စွာဘုရားဟာ ဇေတဝန်ကျောင်းတော်မှာ တရားဟောတော်မူ နေပါတယ်။“မဟာကာလ ဥပသကာ” ဆိုသူဟာလည်း တစ်နေ.လုံး တစ်ညလုံး ဥပုဒ်စောင့်တရားနာ ရင်း ကျောင်းတော်မှာပဲ အချိန်ကုန်အောင်နေခဲ့ပါသတဲ့ ။
အဲဒီညမှာပဲ သာဝတ္ထိမြို.ထဲက အိမ်တစ်အိမ်ကို သူခိုးဖေါက်တာ အိမ်ရှင်တွေနိုးတော့ သူခိုးလည်းရရာ ရွှေငွေ ပစ္စည်းတွေယူပြီး ထွက်ပြေးတယ်။ အချိန်ကဝေလီဝေလင်း။ စောစောက ဘုရားကျောင်းတော် မှာ တစ်ညလုံးတရားနာခဲ့တဲ့ “မဟာကာလ” ဟာ အိမ်အပြန်လမ်းက ရေကန်စပ်မှာ မျက်နှာ သစ်နေ ခိုက်- ထွက်ပြေးလာတဲ့သူခိုးလည်း လိုက်တဲ့သူတွေနဲ.နီးလာလို. သူခိုးလာတဲ့ရွှေထုပ်ကို ကုန်းပြီးမျက် နှာသစ်နေတဲ့ မဟာကာလ ဘေးမှာ ချခဲ့ပြီးဆက်ပြေးတာပေါ့။
မဟာကာလ ကတော့ မျက်နှာငုံ.သစ်နေတော့ ဘာမှန်းမသိလိုက်ပေမဲ့ လူတွေက ခိုးထုပ်ခိုးထည် နဲ. လက်ပူးလက်ကြပ်မိနေတယ်ဆိုပြီး ဝိုင်းရိုက်ကြတာ နောက်ဆုံးမှာ အသက်ဆုံးသွားခဲ့ရပါတယ်။
အဲဒီသတင်းကို ဘုရားကျောင်းတော်က ကြားသိသွားတဲ့အခါ မဟာကာလ ဟာ တစ်နေ.လုံး တစ်ည လုံး ဘုရားကျောင်းမှာ တရားနာ တရားအားထုတ်နေတာကို သိတဲ့လူတွေက “ မဖြစ်သင့်လိုက်တာ ၊ မလုပ်သင့်လိုက်တာ” လို. ပြောနေကြတာပေါ့ ။ ဒီတော့ မြတ်စွာဘုရားက“ ဒီလို မပြောကြ နဲ.၊ သူ.မှာ
ဖြစ်သင့်ဖြစ်ထိုက်တဲ့ “ ကံ ” က ပါလာလို.၊ အဲဒီ သူ.ရဲ့ “ဆိုးကံ”ကို သူပြန် “ခံရ” တာပဲ ”- လို. မိန်.ကြား ပြီး သူ.ရဲ့ အတိတ်ဘဝက မကောင်းမှု ပြုခဲ့တာကို ပြန်လည် ဟောကြားတော်မူပါတယ် ။
လူမှားပြီးရိုက်သတ်ခံရတဲ့ မဟာကာလ ရဲ့ အတိတ်ဘဝတစ်ခုက သူဟာ ဗာရာဏသီပြည်မှာ ဘုရင့် တပ်သားဖြစ်ခဲ့ပါတယ် ။ အဲဒီအချိန်က တိုင်းပြည် နယ်ခြားတစ်ခုရဲ့ တောအုပ်မှာ ဖြတ်သွားဖြတ်လာ သူတွေကို ဒုက္ခပေးနေတဲ့ ခိုးသား ဓားပြတွေရှိလို.တောအုပ်ရဲ့ ဒီဖက်အဝမှာ မင်းမှုထမ်းတစ်ယောက် ဦးဆောင်တဲ့ တပ်ဖွဲ.ကို အစောင့်တာဝန်ပေးထားတယ်။ ခရီးသွားတွေကို စောင့်ရှောက်ဖို.ပါပဲ။
တစ်နေ.မှာ အင်မတန်ချောတဲ့ ဇနီးနဲ. ခရီးထွက်လာာတဲ့ မင်းယောကျားဟာ အဲဒီတောအုပ် အဝင် စခန်းကိုရောက်လာတယ်။ မိန်းမချောလေးကို မင်တာနဲ.ကြိုက်နှစ်သက်မိတဲ့ တပ်မှူးလေးက အကောက်
ကြံပါလေရော။ တကယ်တော့ နေမဝင်မီတောအုပ်ကို ဖြတ်ကျော်နိုင်ပါလျက်နဲ. အချိန်ဆွဲပြီး တစ်ည နားခိုင်းတဲ့အတွက် တစ်ညအိပ်ရပါတယ် ။ မနက်မိုးလင်းတော့ သူ.ရုံးခန်းက ပတ္တမြားကြီး ပျောက် တယ်ဆိုပြီး ရှာတော့ မင်းလုလင်ရဲ. လှည်းမှာတွေ.တယ်။ သူတို.သွားပြီးထည့်ထားတာဆိုတော့ အလွယ်တကူတွေ.တာပေါ့ ။ နောက်ဆုံးတော့ မင်းလုလင်ကို သူခိုးဆိုပြီး မသေမချင်း ရိုက်သတ်လိုက် ပါသတဲ့ ။
အဲဒီတပ်မှူးဟာ မြတ်စွာဘုရားလက်ထက်မှာ “မဟာကာလ ဥပသကာ” အဖြစ်နဲ.သူခိုးလို. ထင်ယောင် မှားပြီးရိုက်သတ်ခံရတဲ့သူပါပဲ ။ ကဲ- ဘယ်လောက်ကြောက်စရာကောင်းလဲ လို.နော် ။
ဒီလိုပါပဲ ဗုဒ္ဒမြတ်ဘုရား လက်ထက်က“ကောသမ္မီပြည်”က ဥတေနမင်းမှာ “သာမာဝတီ”နဲ.“မာဂဏ္ဍီ” ဆိုတဲ့ မိဖုရားတွေရှိပါတယ် ။ “သာမာဝတီ” မိဖုရားနဲ.အခြွေအရံတွေ က မြတ်စွာဘုရားရဲ့ တရား
တော် တွေကို နာကြား ကြည်ညိုပြီးနေ.စဉ်လိုလို ဆည်းကပ်ပူဇော်ကြတယ် ။ “မာဂဏ္ဍီ” မိဖုရား ကတော့ မြတ်စွာဘုရားအား အငြှိုးထားကာ အမုန်းပွားနေသတဲ့။ အကြောင်းကတော့ မြတ်စွာဘုရားရဲ့ အာသဝေါကုန်ခမ်းနေတဲ့ အဖြစ်ကိုမသိတဲ့ ဖခင်ဖြစ်သူ“မာဂဏ္ဍီ ပုဏားကြီး”က မြတ်ဘုရားကို ကြည် ညိုလွန်းလို. သူ.သမီး“မာဂဏ္ဍီ”ကိုယူဖို. တိုက်တွန်းခဲ့ဖူးတာကို မြတ်စွာဘုရားက လက်မခံပဲ ငြင်း ပါယ်ခဲ့တဲ့အတွက်ဖြစ်ပါသတဲ့။
ဒီလိုနဲ.“မာဂဏ္ဍီ” မိဖုရားဟာ ဥတေနမင်းကြီးအနားကပ်ကာ နည်းအမျိုးမျိုးနဲ.ဂုန်းစကားတွေနဲ.အမုန်း ပွားအောင် ကြိုးစားတာပေါ့ ။ တနေ. ဥတေနမင်းကြီး တောကစားထွက်တဲ့အချိန်မှာ“သာမာဝတီ”နဲ. သူ.အခြွေအရံတွေ အဆောင်ထဲမှာရှိနေတုန်း အဆောင်တစ်ခုလုံးကိုပိတ်ပြီး မီးတင်ရှို.ပါလို.“မာဂဏ္ဍီ” က သူ.ဦးရီးတော်တစ်ယောက်ကို စေခိုင်းထားခဲ့တယ်။ သူကတော့ ဟန်မပျက် ဥတနမင်းနဲ.လိုက်ပါ သွားသတဲ့ ။
ဆီစိမ်အဝတ်များနဲ.တိုင်ခြေကစပြီး ရစ်ပတ်ကာ မီးတင်ရှို.သွားတာကို မသိလိုက်ကြတဲ့ “သာမာဝတီ” နဲ.သူ.အခြွေအရံတွေဟာ မီးလောင်ကျွမ်းလို.အရှိန်ပြင်းလာမှ သိကြတယ် ။ ပြေးမလွတ်တော့ တဲ့အ ဆုံး မြတ်စွာဘုရားရဲ့သာဝကများပီပီ(မရှောင်လွှဲနိုင်တဲ့ဘေးနဲ.ရင်ဆိုင်တွေ.တဲ့အခါ)မိမိတို.အလေ့အ
ကျင့် ရှိပြီးသား တရားတော်တွေကို နှလုံးသွင်းကာ မီးအကျွမ်းးခံသွားပါသတဲ့။
ဥတေနမင်းကြီးဟာ သူအလွန်မြတ်နိုးတဲ့ မိဖုရားနဲ.ရံရွေတော်တွေ မီးလောင်သေဆုံးတာ သွေးရိုးသား
ရိုး မဟုတ်ဘူးဆိုပြီး နည်းအမျိုးမျိုးနဲ.စစ်ဆေးတယ်။ နောက်ဆုံးပရိယာယ်ဆင်ပြီးစစ်တယ်။ “သာမာဝ တီ" ကို ငါတကယ်ချစ်တာမဟုတ်ဘူး။ အခုလို သာမာဝတီတို.ကို လုပ်ကြံသတ်ဖြတ်သူကို ဆုတော် ချီး မြှင့်ရမယ်”-လို.ဆိုတော့ “မာဂဏ္ဍီ ” ဟာ ဝမ်းသာသွားးပြီး ဒီကိစ္စကိုသူကြံတာဖြစ်ပြီး သူ.ဦးရီး
တော်က ဆောင်ရွက်ပေးတာဖြစ်ကြောင်း လျှောက်တင်လိုက်တော့ ဘုရင်ကြီးကလည်း အားလုံးကိုဆု
ချီးမြှင့်မယ်ဆိုပြီး ခေါ်ခိုင်းတော့ ဆွေမျိုးအရင်းများသာမက ခါတော်မီဆွေမျိုးများပါစုဝေးလာကြပါတယ်။
နောက်ဆုံးတော့ “မာဂဏ္ဍီ” နဲ.ဆွေမျိုးအားလုံးကို သတ်စေလို.အမိန်.ပေးလိုက်ပါသတဲ့ ။
“သာမာဝတီ” ဟာ မြတ်စွာဘုရားရဲ့ သာဝကလည်းဖြစ်တယ်။ မေတ္တာပါရမိလည်း အင်မတန်ရင့်သန် သူဖြစ်တယ်။ ဒီလိုလူမျိုးဟာ မီးလောင်ခံရပြီးသေဆုံးရတယ်ဆိုတာ မဖြစ်သင့်လိုက်တာ၊ သူ.ရဲ.ကု သိုလ် ကောင်းမှုတွေက သူ.ကိုဘာ့ကြောင့်မကယ်နိုင်ရတာလဲ"-ဆိုတဲ့လေသံတွေက မြတ်စွာဘုရား ရဲ့ ကျောင်းတော်မှာ လွင့်ပြန်.လာတဲ့အခါ မြတ်ဘုရားက အခုလိုမိန်.တော်မူပါတယ်။“သာမာဝတီ” နဲ.ရံ ရွေတော်တွေဟာ မိမိတို.ပြုလုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကံရဲ့ ကံကြွင်းကံစများကို တစ်ဖန် ပြန်ခံ
သွားကြ ရ ခြင်းသာဖြစ်တယ် ဆိုတာကို အတိတ်ဇာတ်ကြောင်းနဲ.တကွ ရှင်းပြဟောကြားတော်မူ
ပါတယ် ။
ဟိုးရှေး ဘဝ ဘဝ တွေအနက် တစ်ဘဝမှာ “သာမာဝတီ” နဲ. အခြွေအရံ ငါးရာဟာ ဗာရာဏသီ မင်းကြီး ရဲ့ မိဖုရာားနဲ. အခြွေအရံတွေဖြစ်ခဲ့ကြတယ် ။မင်းကြီးနဲ့တကွ ရေကစားထွက်ပြီးပြန်လာကြတဲ့
အခါ မိဖု ရားနဲ.မောင်းမငါးရာတို.ဟာ ချမ်းလွန်းလို.သစ်တစ်ပင်အောက်ကချုံပုတ်ကြီးမှာပဲ သစ်
ခြောက်တွေကို မီးရှို.ကာ မီးလှုံသတဲ့ ။ အရှိန်ပြင်းလွန်းတဲ့ မီးတောက်ကြီးဟာ သစ်ပင်ထက်က စာကလေးသိုက်မျြံတွေ ကိုပါ မီးမြှိုက်သလိုဖြစ်သွားတာပေါ့။ သူတို.သိလိုက်လို.မီးကိုငြိမ်းသတ်တဲ့ အချိန်ကတော့ သိပ်နောက်ကျသွားပါပြီ။
ဒါက မသိလို. မတော်တဆ ဖြစ်ခဲ့တာပါ ။ ဒါပေမဲ့လည်း “ဝဋ်ကြွေး” ကတော့ မျက်နှာသာ
ပေးလေ့မရှိ ပါဘူးလေ ။
ဒါ့ကြောင့်”မကောင်းကျိုး ဝဋ်ကြွေး”ဆိုတာ ဘယ်လိုမှပြေးမလွတ်နိုင်ဘူးဆိုတာ သတိအမြဲရှိနေကြဖို. လည်းလိုပါတယ် ။ တကယ်တော့ ကျမတို.ရဲ့ ပတ်ဝန်းကျင်လူ.လောကကြီးမှာ ဖြစ်ပျက်“ခံစား -စံစား” နေကြရတာတွေဟာလည်း အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်ပျက်နေတာတွေပါပဲ။ ပြု လုပ်ခဲ့သမျှ “အကြောင်း ကောင်းရင် အကျိုးကိုစံစား” ကြရမှာဖြစ်သလို “အကြောင်းမကောင်းခဲ့
ရင်တော့ အဆိုး ” နဲ.သာ ရင်ဆိုင်တိုးကြရမှာ ဓမ္မတာပါပဲ။
“ ဝဋ်ကြွေး ” ဆိုတာလည်း တကယ်ပဲကြောက်စရာကောင်းလှပါတယ် ။ ဒီကနေ. ကျမတို. လူသား တွေအနေနဲ. ဖြစ်ပျက်ခံစား -စံစားနေကြရတာတွေဟာ မိမိတို.ပြုလုပ်ခဲ့တဲ့ ကံ ကံ၏ အကျိုးတွေကို လိုက်ပြိး ဖြစ်နေ ပျက်နေကြရတာကိုတော့ ဗုဒ္ဒဘာသာဝင် သူတော်စင်တိုင်း လက်ခံယုံကြည်ထားကြ ပါတယ်။
“ကုသိုလ်တရား” ဆိုတာ ဒီဘဝမှာလည်းကောင်းတယ်။ နောင်ဘဝတိုင်အောင်လည်း- နိဗာန်
အထိ တာဝန်ယူပြီး အမြဲလည်းစိတ်အေးရပါတယ် ။“ အကုသိုလ် ” ဆိုတာကတော့ သူနှိပ်
စက်နေသမျှ - နှိပ် စက်ဖို. သူ.တာဝန် မကုန်သမျှ “ ခံ ” နေရအောင် အမြဲ နှိပ်စက်နေ
မှာပါပဲ ။
ဒါ့ကြောင့် အရင်းစစ်လိုက်တော့“မိမိတို.ရဲ့ ခံစား - စံစားနေရတဲ့ အဓိက တရားခံဟာ မိမိသာဖြစ်တယ်” ဆိုတာ သဘောပေါက် ထားဖို.လိုပါတယ်။
ဒီကနေ. ကြား-သိနေရတဲ့ ဖြစ်ရပ်များနဲ. ပတ်သက်ပြီး အတွေးများလည်းပေါ်လာမိခဲ့ပါတယ်-
“ အော်--ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှားသာရှိခဲ့ရင်တော့ အထက်မှာ ဖေါ်ပြခဲ့တဲ့ ဇာတ်လမ်း
လေးတွေမှာလိုပဲ-မိန်.ကြားတော်မူမယ်ထင်ပါရဲ့”- လို.တွေးမိခြင်းသာပါ ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment