၁။ ။ ဓမ္မဒူတ မောင်မယ် အစစ် တကယ်ဖြစ်လိုပါက
၁) များသောအားဖြင့် ကုသိုလ်ပြုလုပ်သောပွဲများကို အမြဲလိုလိုပြုလုပ်နိုင်ရပါမည် -
၂) ဓမ္မဒူတပွဲများတွင် ကိုယ်အား - ဥာဏအားများဖြင့် ဝေယျာဝစ္စကိုအစွမ်းကုန်ကြိုး
စား ဆောင်ရွက်သလို မိမိအိမ်တွင်လည်း မိဘ ညီအကို မောင်နှမများ၏ ဝေယျာ
ဝစ္စများကိုလည်း ဆောင်ရွက်ရပါမည် ။
၃) ဓမ္မ၄ဒူတမောင်မယ်မှန်လျှင် မိမိ၏ မိဘကိုထမင်း ခူးခပ်ကျွေးမွေးရပါမည် ။
အဖေ-အမေ မိဘ၏ဝေယျာဝစ္စကို လုပ်ပေးရပါမည် ။
၎) အမြဲတမ်း တစ်နေ.ကို အနည်းဆုံး ဘုရား(၂)ကြိမ် ရှိခိုးအိပ်ရပါမည် ။
(မနက် အိပ်ယာထ တစ်ကြိမ်+ ည အိပ်ယာဝင် တစ်ကြိမ်)
၅) နေ.စဉ် အနည်းဆုံး (၅) မိနစ် ခန်. တရားထိုင်ရပါမည် ။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
၂။ ။ ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ-
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ-
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး- - - ဒါပေမဲ့
အသိဥဏ်တိုးပြီး-လူဖြစ်ကျိုးနပ်တယ်ဆိုတော့
ကျေနပ်ရမှာပေါ့ ။ ။
၃။ ။ ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို.
ဖြစ်နိုင်1တာတွေပါ - ဆုံးရှုံးလိုက်ရတယ် -
ဖြစ်နိုင်တာကိုသာ - ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ - အားလုံး ဖြစ်လာမယ် ။ ။
၎။ ။ စိတ်ဆိုးနေတဲ့အခါ - ကောင်းတဲ့စိတ်နဲ. လဲလိုက်ပါ
စိတ်ရှုပ်နေရင် - ရှင်းတဲ့စိတ်နဲ. လဲလိုက်ပါ -
ပူနေရင် - အေးတဲ့စိတ်နဲ. လဲလိုက်ပါ -
နောက်နေရင် ကြည်တဲ့စိတ်နဲ.
ချက်ချင်း လဲလိုက်ပါ ။ ။
အားလုံး ရွှင်လန်းချမ်ေးမြ့ကြပါစေ

No comments:
Post a Comment