Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

လစ်လျူရှုလိုက်ပါ - ဂရုစိုက်ပါ


ဘယ်လောက ကိုပဲကြည့်ကြည့် အဆိုးနဲ.အကောင်း ဆိုတာ ဒွန်တွဲလျက်ရှိနေကြတာ ဓမ္မတာပါ။
ဒါဆို ဘာလို.ကောင်းပြီး ဘာလို.ဆိုးရတာလဲ ?
ကဲ--အဖြေပေးကြည့်ရအောင်နော် ။
သူ.မှာ ပါလာတဲ့ မွေးရာပါဗွေ ဗီဇကြောင့် ဆိုးကြတယ် ။
မှန်းချက်နဲ. နှမ်းထွက်မကိုက်လို. ဆိုးရတယ် စသည် စသည်ကြောင့်ပေါ့။
ကောင်းတဲ့သူတွေကလည်း ဒီလိုပါပဲ - သူ.အကြောင်းနဲ.သူ အမျိုးမျိုးပါ။
အရေးကြီးတာက ဘယ်သူဘယ်လောက်ဆိုးဆိုး - ဘယ်လိုမျိုးပဲဖြစ်ဖြစ် တစ်ဖက်သတ်မမြင်မိ
မဆုံးဖြတ်မိ မရေးမိ ဖို.ပါ ။ ဥပမာ - ဆိုကြပါစို. အမျိုးသားတစ်ယောက်က ဇနီးရှိပါလျက်နဲ. အ
ခြားသော မိန်းကလေးတစ်ယောက်နဲ.Online မှာ ကျွမ်းဝင် ပတ်သက် နေပါသတဲ့။ ဒါကို ဖေါက်
ပြန်တယ်လို. ဆိုနိုင်ပါသလား ? အခုလို IT ခေတ်ကြီးမှာ Online က Chatting Room အတွင်း
ရင်းရင်းနှီးနှီး အချိန်ကို အချည်းနှီးဖြုန်း- ပိုက်ဆံတွေ အလဟသသုံးပြီး ပြောနေရေးနေကြာတွေ
ဒုနဲ.ဒေးပါ။ ဒါကို ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားကျောင်း ဆိုသလိုမျိုး နေရင်းထိုင်ရင်း သူများ
ကြားဝင် ပတ်သက် ပါဝင်ချင်သူတွေကလည်း ရှိပါသေးတယ်။
တကယ်တော့ Chatting Room မှာ တွေ.ဆုံဆွေးနွေးကြတာ ဗဟုသုတရနိုင်ပါတယ်။ ဒါပေမဲ့
“ဘယ်သူသိတာလိုက်လို. ငါရေးချင်တာရေးမယ်“ ဆိုတဲ့ခံယူချက်နဲ.တော့ ဟော့ဟော့ရမ်းရမ်း
မရေးသင့်ဘူးလေ။“လူမသိ- နတ်သိ (ကိုယ်စောင့်နတ်သိ)“ တဲ့- ကြားဖူးကြမှာပါ ။ ဒါ့ကြောင့်
ကိုယ့်စည်း သူ.စည်းတော့ ထားကြ စောင့်သိကြရမှာပါ။ “စည်းမရှိ ကမ်းမရှိ“ ဆိုတာမျိုးကတော့
မချိုးသင့်တာအမှန်ပါ ။ “သားသမီး မကောင်း - မိဘခေါင်း“ တဲ့ ။ ကိုယ့် ကြောင့်ကိုယ့်မိဘတွေ
ကိုတော့ မထိခိုက်စေသင့်ပါဘူး ။
ဒီလိုပါပဲ - Comment တွေကလည်း အကြောင်းအမျိုးမျိုးမှာ အကောင်းအဆိုးစုံလင်စွာနဲ. ရေးနေ
ကြတာ မဟုတ်ပါလား ။ တချို.ကတော့ အဆိုးအကောင်း ပေါင်းပြီး ရေးကြသလို တချို.ကလည်း
ဆတ်ဆတ်ကြဲနဲ. နည်းနည်းမှ(မဟုတ်မခံ) ရေးကြပြန်တာပေါ့။ ဒီတော့ “အမှားမရှိ- အမှန်အတိဖြစ်
စေဟ“ဆိုတဲ့သူတွေရဲ့ အတွေးလွန် အရေးလွန်နေတာတွေကို တွေ.ရပြန်ပါရော။ “မဆိုင်တဲ့အပေါက်
ဂလိုင်နဲ.ခေါက် “ ဆိုသလို အသက်ကြီးတာတွေရော ငယ်တာတွေရော- ဝေဖန်ရေးကြပြန်ပါတယ် ။
ကဲ--ဘာဆက် ပြောရပါ့။
ထားပါတော့လေ-- ဟိုး--ငယ်စဉ်က သတင်းစာ-မဂ္ဂဇင်းနဲ. စာစောင်တွေမှာ ရေးခဲ့ ပါဝင်ခဲ့သမျှတွေ ကိုပဲ ပြန်လည် တင်ပြပေးပါ့မယ် ။ မဟုတ်မခံ ရေးခဲ့တာလေးတွေပေါ့။
လစ်လျူရှုလိုက်ပါ
ကြယ်များကြွေက
မထကြနဲ.
ည-ညတိုင်းမှာ
အိပ်ပျက်မည် ။ ။
းးးးးးးးးးးးးးးးးးးးးးးးးးးးး
ဂရုစိုက်ပါ
ခန္ဒာ စဉ်ဆက်
ဖြစ်ပြီး ပျက်မှု
သတိ မပြု
လစ်လျူ ရှုက
ဘဝ ဘဝတိုင်းမှာ
နှိပ်စက်မည် ။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment