ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်း ဟူသော ရတနာသုံးပါးကို
ကိုးကွယ်ရမည် ဖြစ်ပါသည်။ သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့်ဗုဒ္ဓ၊ ဓမ္မ နှင့်
သံဃာ တည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်းခေါ်ပါသည်။
ဗုဒ္ဓရတနာ
မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရားသည် သတ္တ၀ါတို့ကို
• ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊
• မကြီးပွားမချမ်းသာကြောင်း မကောင်းသောနည်းလမ်းမှ ဆုတ်နစ်စေခြင်း၊
• အပြစ်ဒေါသ အလုံးစုံ ကင်းစင်၍၊ ဂုဏ်ကျေးဇူး အလုံးစုံနှင့် ပြည့်စုံစေခြင်း တို့ကြောင့်ပင် ဖြစ်သည်။
ဓမ္မရတနာ
ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ
• တရားတော်ကို ကျင့်ကြံလိုက်နာသူတို့ကို ဘ၀သံသရာခရီးခဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊
• တရားကျင့်တုန်းအခိုက်နှင့် ကျင့်ပြီးနောက် ကာလတို့၌လည်း သက်သာမှုကို ပေးစေခြင်းဖြင့် သတ္တ၀ါတို့၏
ဘေးဒုက္ခကို ပယ်ဖျောက် ဖျက်ဆီးစေနိုင်သောကြောင့် ဖြစ်ပါသည်။
သံဃာရတနာ
သံဃာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုး အကျိုးများစေရန်
ပြုခြင်းဖြင့်၊ သံဃာတော်များသည် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ပါသည်။
ထိုသူသည် ကောင်းမြတ်သော ဘ၀သို့ရောက်ရမည် ဖြစ်သည့်အပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံ
ပေါများခြင်း စသောအကျိုးများကို ရရှိမည် ဖြစ်ပါသည်။
တရားဗဟုသုတများ တိုးပွါးနိုင်ကြပါစေ...။
( ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်၊ သာသနာရေးဝန်ကြီးဌာန )
No comments:
Post a Comment